အမ်းမြို့နယ်၌ ခရီးသည်တင်မှန်လုံယာဉ် တိမ်းမှောက်မှုဖြစ်ပွား

 

အမ်း   ဒီဇင်ဘာ  ၁၆


ရခိုင်ပြည်နယ်   အမ်းမြို့နယ်၌ မင်းဘူး-စစ်တွေ      ကားလမ်း အတိုင်း      မောင်းနှင်လာသည့် ကစ္ဆမနဒီ    ခရီးသည်တင်မှန်လုံ ယာဉ်မှာ ဒီဇင်ဘာ  ၁၅ ရက်  ည ၉ နာရီခန့်တွင်     အမ်းတောင် ကျေးရွာအုပ်စု ဆင်ခုံတိုင်ကျေးရွာ အနီး  လမ်းအကွေ့တွင်    အရှိန် မထိန်းနိုင်ဘဲ     တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မင်းဘူးမှ စစ်တွေ ဘက်သို့   မောင်းနှင်လာသည့် ခရီးသည်တင်မှန်လုံယာဉ်ပေါ်တွင် လိုက်ပါလာသည့်    ခရီးသည်၊ ယာဉ်မောင်းနှင့်      ယာဉ်အကူ လေးဦးတို့မှာ     အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးကာ    ခရီးသည် ခြောက်ဦးတွင် ဒဏ်ရာ(မစိုးရိမ်ရ)ရရှိပြီး      ပျောက်ဆုံးနေသည့် ခရီးသည်တစ်ဦးအား သက်ဆိုင်ရာ ဌာနများနှင့်   လူမှုရေးအဖွဲ့အစည်း များမှ ပူးပေါင်းလိုက်လံ    ရှာဖွေ လျက်ရှိကြောင်း သိရသည်။

 


ခရီးသည်တင်  မှန်လုံယာဉ် တိမ်းမှောက်မှုဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာဌာနများ၊  လူမှုရေး အဖွဲ့အစည်းများနှင့်   မြို့နယ် မီးသတ်ဦးစီးဌာနမှ    တပ်ဖွဲ့ဝင် ရှစ်ဦးတို့က သွားရောက်၍ အဆင့် မြင့်  ရှာဖွေကယ်ဆယ်ရေးယာဉ် ဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်း များကို    ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။  


  မြို့နယ်
(ပြန်/ဆက်)