အမှန်အတိုင်း စိတ်ထဲရှိတာ မကွယ်မဝှက်ဘဲ ပြောရရင် CDM လှုပ်ရှားမှုထဲ ပါဝင်ဖြစ်တာက နိုင်ငံရေးခံယူချက်နဲ့လား၊ ဘာလား/ညာလား မေးရင် မဖြေတတ်ဘူး

Type

အင်တာဗျူး - မြင့်မိုရ်

CDM ( Civil Disobedience Movement) လှုပ်ရှားမှုကို   အကြောင်းပြုပြီး    ဌာန ဆိုင်ရာ  ဝန်ထမ်းထုနှင့်  နိုင်ငံရေးအသိ အမြင်နုနယ်သေးသော  မျိုးဆက်သစ်  လူငယ်များအား ပြည်တွင်း    မငြိမ်မသက် ဖြစ်အောင် သွေးထိုးလှုံ့ဆော်နေမှုများ သည်  နိုင်ငံရေးအမြတ်ထုတ်သူများ၏  လက်မည်းကြီးသဖွယ် နောက်ကွယ်မှနေ၍ တွန်းအားပေး လုပ်ဆောင်နေကြခြင်းဖြစ် သည်ကို ပြည်သူအများ သိမြင်လာကြပြီ ဖြစ်သည်။ သိမြင်လာကြ၍လည်း နိုင်ငံရေး ပရိယာယ် နားလည်သော ပြည်သူအများစု မှာ      သွေးထိုးလှုံ့ဆော်မှုအမျိုးမျိုးကို ရောယောင်လိုက်ပါခြင်းမရှိဘဲ အေးချမ်း တည်ငြိမ်စွာ အခြေအနေမပျက် စောင့် ကြည့်နေကြသည်။ နိုင်ငံရေးအမြင်နှင့် အတွေ့အကြုံကို        အသက်နှင့်အမျှ ကြုံတွေ့ခံစားခဲ့ဖူးသူမှန်သမျှသည် ယနေ့ သံယောင်မလိုက်၊   လမ်းမှားမကြိုက်၊ ပြောရရင် နိုင်ငံရေးပါးနပ်သွားပြီဟု ဆိုရ မည်ဖြစ်သည်။  တချို့ဆိုလျှင်   ငါတို့က    ဘဝနဲ့ရင်းပြီး        ပေးဆပ်ခဲ့ရပြီးပြီဟု  ဆိုသည်။  သို့ဖြစ်၍ ယနေ့လူငယ်ထု  အများစုပါဝင်နေသော CDM လှုပ်ရှားမှုနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခဲ့ရသမျှကို     ပြန်လည်မျှဝေ  ရေးသားဖော်ပြလိုက် ပါသည်။
ရပ်ကွက်ထိပ်မှာ           လူကိုတရားခံလိုစစ်ဆေး
“ CDM လှုပ်ရှားမှုကို တဖြည်းဖြည်း ချုပ်ငြိမ်းသွားစေချင်ပြီ။ ရုံးသွားတဲ့အခါ ခိုးကြောင်ခိုးဝှက်နဲ့သွားနေရတာ    စိတ် ကုန်လာတယ်။ တစ်နေ့တစ်နေ့ ရုံးဖွင့် ရက်ဆိုလည်း ရုံးပိတ်ရက်မြန်မြန်ရောက် ပါစေလို့  ဆုတောင်းရတာ။ ရုံးပိတ်ရက် ဆိုလည်း ရုံးဖွင့်ရက်ရောက်မှာ ကြောက် နေရတယ်။ ဒါတွေအားလုံးဟာ နိုင်ငံရေး အခြေအနေပေါ်   ခုတုံးလုပ်   အမြတ် ထုတ်နေသူတချို့က ဝန်ထမ်းထုအကြား လှုံ့ဆော်နေတဲ့ CDM လှုပ်ရှားမှုကြောင့်ပဲ။ တစ်နေ့မနက်     ရုံးသွားတုန်းကဆို ရပ်ကွက်ထိပ်မှာ      လူကိုတရားခံလို စစ်ဆေးနေကြတာ။        ကျွန်တော့်ကို ဝန်ထမ်းမှန်းသိနေတော့ ဘယ်သွားမှာလဲ၊ ဘာလုပ်မလဲ၊ ရုံးသွားမလို့လား၊  CDM လှုပ်ရှားမှုထဲ       ပါဝင်လိုက်ပါလားနဲ့ အတော်လေးကို စိတ်တိုသွားမိတယ်။ ပြောပြန်ရင်လည်း  အလွန်ဖြစ်မှာစိုးလို့၊ အဲဒီလို ကျွန်တော်တို့ကို လမ်းမှာ စစ်လား ဆေးလား၊ လုပ်နေကြတဲ့သူတွေ အများစု က      အလုပ်အကိုင်မရှိကြတဲ့သူတွေ၊ ရပ်ကွက်ထဲမှာ    ယောင်ခြောက်ဆယ် တွေက အများကြီး။   ဒါကျန်တဲ့ကဏ္ဍ မပြောသေးဘူး။ ကလေးတွေဆိုလည်း တချို့  မိဘစကားလည်း  နားမထောင်၊ ကိုယ်ထင်ရာစိုင်းပြီး    CDM,  CDMနဲ့ တစ်ချိန်လုံး CDM  နေကြတာ၊ အိမ်မှာ မိဘတွေက   စားဝတ်နေရေးအတွက်  ဘယ်လိုတွေ ရုန်းကန်နေရတယ်ဆိုတာ      မသိဘူး။ သူတို့က သူဌေးသားသမီးတွေလို နေ့စဉ် လမ်းမပေါ်ထွက် CDM  လှုပ်ရှားမှု ထဲ  ပါနေကြတာ။   ပြောပြန်ရင်လည်း ခင်ဗျားက      နိုင်ငံရေးခံယူချက်မရှိ၊   ကိုယ်ချင်းမစာဘူး အပြစ်အမျိုးမျိုးပြော ဝေဖန်ကြဦးမယ်။ 
သူတို့အရွယ်တွေက လက်တည့် စမ်းချင်ကြတဲ့ အရွယ်
“ မနေ့က  ဟိုဘက်လမ်းက  အသိ မိတ်ဆွေ ကလေးတစ်ယောက်ဆို၊ CDM လှုပ်ရှားမှုသွားမှာတဲ့၊  တကယ့်မင်းသား အရှုံးပေးရတယ်။ ဘောင်းဘီရှည်၊ ရှူးဖိနပ် အကောင်းစားနဲ့ ခေါင်းကိုလည်း ပိတ်စ တစ်ခုက   စည်းထားလိုက်သေးတယ်။ ပြီးတော့ ဂစ်တာတစ်လက်က ကျောမှာ ပိုးထားသေး။ ငါ့တူ ဘယ်လဲကွဆိုတော့ CDM ပေါ့ဦးရာတဲ့။ ဦးတို့ကသာ နိုင်ငံကို မချစ်တာ၊    နိုင်ငံအပေါ်နေရက်တာ၊ သားတို့က မနေသာဘူးလေတဲ့။ ကျွန်တော် သာ ဦးလိုဌာနဆိုင်ရာတစ်ခုက ဝန်ထမ်း ဆို CDM လှုပ်ရှားမှုကို   ဦးဆောင်ပြီး အစွမ်းကုန် လုပ်ဖြစ်မှာ။ အခုတော့ ဦးတို့ က သားတို့အရွယ်တွေ လမ်းမတွေပေါ် အခုလိုတွေထွက် အော်ဟစ်နေကြတာကို ထိုင်ကြည့်ရက်ကြတယ်တဲ့။      ဪ ကိုယ့်တူ၊ ကိုယ့်သားအရွယ်မို့ ပြောဆို ဆုံးမပြန်ရင်လည်း  ရန်သူလိုမြင်ကြတာ များတော့   သူတို့ပြောတာကို   ပြုံးပြ နှုတ်ဆက်ပြန်လာခဲ့ရတယ်။ တကယ် တော့ သူတို့အရွယ်တွေက လက်တည့်စမ်း ချင်ကြတဲ့အရွယ်တွေလေ။ ကိုယ်တိုင်က ငါသိ၊ ငါတတ်၊ ငါတို့က ခေတ်လူငယ်တွေ ဆိုတဲ့ ငါအစွဲရှိတဲ့လူငယ်မျိုးတွေ၊ ငါအစွဲ စွန့်ခွာနိုင်တဲ့   လူငယ်ထဲမှာ   မပါဝင် လောက်တော့    ပြောလည်းနားမဝင် လောက်ဘူးဆိုတာ သိနေတယ်။ မြတ်စွာ ဘုရားတောင်မှ သတ္တဝါတိုင်းကို ချွတ်ပေး နိုင်ခဲ့တာမဟုတ်ဘူးလေ၊ တစ်ခါတလေ ရေငုံနှုတ်ပိတ်နေရာတာ  ပိုအဆင်ပြေ ပါတယ်လေဆိုပြီး    ပြန်လာခဲ့ရတယ်။ တကယ်ဆို အခုလို CDM လှုပ်ရှားမှုမှာ ပါဝင်ဖို့ လွှတ်ထားတဲ့ သူမိဘတွေကိုပဲ အံ့ဩမိတယ်” ဟု ဌာနဆိုင်ရာတစ်ခုမှာ လက်ထောက်မန်နေဂျာ  တာဝန်ထမ်း ဆောင်နေသော ဦးခင်မောင်ဆွေ (အမည် လွှဲ) က ယနေ့ခေတ်လူငယ်များ CDM လှုပ်ရှားမှုနှင့်   ပတ်သက်၍   ပြန်လည် ပြောကြားသည်။ 
လတ်တလော ဖြစ်ပေါ်နေသော CDM လှုပ်ရှားမှုသည်  မြို့နေရာအနှံ့အပြား၌ အညွန့်ကျိုးစပြုနေသော်လည်း   စုန်းပြူး ပမာ သက်ဝင်လှုပ်ရှားနေသည့်   လူငယ် များနှင့် ဝန်ထမ်းအချို့ ကျန်ရှိနေသေး သည်။ CDM လှုပ်ရှားမှုတွင် ပါဝင်သော တချို့ဝန်ထမ်းများသည် ဌာနမှထုတ်ပယ် လိုက်သည်ဆိုသော အကြောင်းကြားစာ များ ယခုရက်ပိုင်းအတွင်း လက်ဝယ်သို့ ရောက်ရှိလာ၍    မျှော်လင့်မထားဘဲ ဘဝနဲ့ရင်းနှီးခဲ့သမျှအရာအားလုံး သဲထဲ ရေသွန်သလို   ဆုံးရှုံးလိုက်ရပြီဖြစ်သည်။ 
အကြောင်းအမျိုးမျိုးရှာပြီး ထွက်ရတော့
“ ကျွန်တော်    ဒီနေ့တော့    CDM လှုပ်ရှားမှု မလုပ်ဖြစ်ဘူးခင်ဗျ။ သူငယ် ချင်းတွေကတော့ တချို့ ထွက်သွားကြ တယ်။ ကျွန်တော်က ဒီနေ့မှ မလိုက်ဖြစ် တာပါ။ ကောင်မလေးက  နေမကောင်း လို့လေ။ ခါတိုင်း CDM လှုပ်ရှားမှုသွားတိုင်း ကောင်မလေးနဲ့ နှစ်ယောက် အတူသွား ကြတာပါ။   သူနဲ့က   ကိုဗစ်-၁၉ ကာလ တုန်းကလည်း မတွေ့ဖြစ်ဘူးလေ။ အခုလို CDM လှုပ်ရှားမှုလုပ်ဖြစ်မှ ကောင်းကောင်း တွေ့ရတာ။ သူ့အိမ်ကလည်း ခုလိုအခါ မျိုးမှာ ပေးလွှတ်တယ်လေ။ သူ့မိဘတွေ ကလည်း     အားပေးတော့   ဒီ CDM လှုပ်ရှားမှုက ကျွန်တော်တို့နှစ်ယောက်အတွက်ကတော့  ကောင်းကောင်းအခွင့် အရေးပဲ။ ခါတိုင်းရက်တွေဆို သူ့အိမ်က အကြောင်းအမျိုးမျိုးရှာပြီး ထွက်ရတော့ တွေ့ဖို့မလွယ်ဘူး။ အခုဆို CDM လှုပ်ရှားမှု စလုပ်တဲ့     ဖေဖော်ဝါရီလဆန်းပိုင်း ကတည်းက ကောင်မလေးနဲ့ အမြဲလိုလို တွေ့ရတယ်။    တကယ်တော့  ဒီ CDM လှုပ်ရှားမှုက  ဂီတာတွေတီး၊   သီချင်း တွေလည်း ဝိုင်းဆိုလိုက်ကြ၊ အုပ်စုနဲ့လည်း အော်ရတာဆိုတော့ ပျော်ဖို့တော့ကောင်း တယ်။ ဒါပေမယ့် လုံခြုံရေးရဲတပ်ဖွဲ့နဲ့ တွေ့ရင်လည်း ရင်တထိတ်ထိတ်နဲ့ ပြေးရ တဲ့ရက်တွေလည်း ရှိခဲ့တယ်။
CDM လှုပ်ရှားမှု အကြောင်းပြပြီးထွက်
“ အမှန်အတိုင်း စိတ်ထဲရှိတာ မကွယ် မဝှက်ဘဲပြောရမယ်ဆိုရင်တော့ CDM လှုပ်ရှားမှုထဲ ပါဝင်ဖြစ်တာက နိုင်ငံရေး ခံယူချက်နဲ့လား၊ ဘာလား/ညာလား မေးရင် မဖြေတတ်ဘူး။ နိုင်ငံရေးလည်း ဘာမှမသိသလို ဝါသနာလည်း မပါဘူး။ အိမ်ကတော့   အခုလို   လိုက်လုပ်တာ လုံးဝမကြိုက်ဘူး။  ကျွန်တော်ကလည်း ကောင်မလေးနဲ့က   အခုလို   CDM လှုပ်ရှားမှုလုပ်မှ ကောင်းကောင်းတွေ့ရ တာလေ။   ပြီးတော့    ကျွန်တော်တို့ နှစ်ယောက်စလုံးက ကျောင်းတွေလည်း ပိတ်ထားတာဆိုတော့ အခုအချိန်တွေမှာ က  အားနေကြတာ။  အိမ်မှာနေလည်း ဒီအတိုင်းပဲဆိုတော့ အပျင်းပြေသဘောမျိုး လည်းဖြစ်တာပေါ့။     အမေကတော့ ကောင်မလေးလည်းပါလို့    အခုလိုတွေ CDM လှုပ်ရှားမှု အကြောင်းပြပြီးထွက် နေတယ်ဆိုတာ   ရိပ်မိလောက်တယ်။ အဖေကတော့ CDM လှုပ်ရှားမှုမှာပါတာလုံးဝကိုမကြိုက်ဘူး။ စကားလည်း အခု အချိန်ထိ မပြောဘူးလေ။  ဘာမှမပြော ချင်တော့လို့သာ  လွှတ်ထားတဲ့သဘော။ တကယ်တော့    ကျွန်တော်တို့လည်း နောက်ရက်တွေမှာတော့ CDM လှုပ်ရှားမှု ထဲ ထပ်မပါတော့ဘူးလို့တော့ ကောင်မလေး နဲ့   နှစ်ယောက်    တိုင်ပင်ထားပါတယ်။ တစ်ခုခုဖြစ်ရင်   ကိုယ်တွေက အရင်ခံရ မှာလေ။ မိဘတွေလည်း ရင်ကျိုးဦးမယ်။ သူငယ်ချင်းတစ်ယောက်ဆို  လုံခြုံရေး အဖွဲ့က  ဆွဲသွားတာ    အခုအချိန်ထိ ပြန်မရောက်သေးဘူး”   ဟု   ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်     မြန်မာစာ ဒုတိယနှစ်တွင် ပညာသင်ကြားနေသော မောင်သုတအောင် (အမည်လွှဲ) က CDM လှုပ်ရှားမှုနှင့်   ပတ်သက်၍   ပွင့်ပွင့် လင်းလင်း ဖွင့်ဆိုခဲ့သည်။ 
နိုင်ငံတစ်ဝန်း    နိုင်ငံရေးအခြေအနေ တစ်ရပ်ကြောင့် ဖြစ်ပေါ်လာသော CDM လှုပ်ရှားမှုတွင်  အများစုပါဝင်လှုပ်ရှား နေကြသည်မှာ ကျောင်းနေအရွယ် ပညာ သင်ဆည်းပူးဆဲ ကလေးများနှင့် လတ်တ လော လက်ဝယ်၌ အလုပ်လက်မဲ့ဖြစ်နေ သော လူငယ်အများစုပါဝင်နေကြသည်ကို တွေ့ရသည်။ CDM လှုပ်ရှားမှုဟူ၍သာ အမည်နာမပေး       လမ်းမပေါ်ထွက် အော်ဟစ်    ဆူပူလှုပ်ရှားနေကြပေမယ့် ဝန်ထမ်းအများစုမှာ ပါဝင်လာခြင်းမရှိဘဲ အနည်းငယ်သာ       ပါဝင်ကြသည်များ ရှိသည်။     တစ်ချိန်က   နိုင်ငံရေးကို အထူးစိတ်ဝင်တစားလုပ်လာကြသော ပြည်တွင်း၊  ပြည်ပ   အတွေ့အကြုံရင့် /   ဝါရင့်နိုင်ငံရေးသမားများကို  တကယ့် မြေပြင်အခြေအနေ၌ တွေ့မြင်ရမှုမရှိဘဲ အွန်လိုင်းပေါ်မှသာ နိုင်ငံရေးစိတ်ဝင်စားမှု မရှိသော၊  နိုင်ငံရေးအသိအမြင်မရှိသေး သော   လူငယ်များကို    နောက်ကွယ်မှ လေလှိုင်းဖြင့်  သွေးထိုးမြှောက်ပင့်ကာ လှုံ့ဆော်မှုများ    ပြုလုပ်နေကြသည်ကို   CDM လှုပ်ရှားမှုတွင် ပါဝင်ပတ်သက် နေသော ခေတ်ပညာတတ် လူငယ်များ အနေဖြင့် သတိချပ်သင့်နေပြီ ဖြစ်သည်။