အမရပူရမြို့နယ်နှင့် မြစ်ငယ်တိုးဂိတ်အနီး၌ အကြမ်းဖက် လုပ်ကြံသတ်ဖြတ်၍ လုယက်မှုကျူးလွန်ခဲ့သော တရားခံများအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်  နိုဝင်ဘာ ၂၃


NUG အမည်ခံ အကြမ်းဖက်အဖွဲ့၏ စေခိုင်းချက်အရ စက်ရုံ၊ အလုပ်ရုံ များကို မီးရှို့ဖောက်ခွဲဖျက်ဆီးခြင်း နှင့်    အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ သတ်ဖြတ် ခြင်းတို့ကို   ဆောင်ရွက်နိုင်မှု  မရှိ စေရေး ဖော်ထုတ်ဖမ်းဆီးမှုများ ဆောင်ရွက်လျက်ရှိရာ   နိုဝင်ဘာ ၂၀ ရက်တွင်  အမရပူရမြို့နယ် မြစ်လောင်းကျေးရွာအနီး၌ အမရ ပူရမြို့နယ်    ဥယျာဉ်တော်အုပ်စု သရက်တန်း    ကျေးရွာနေသူ ထိန်ဝင်းအောင်(ခ) တေဇ(၂၇)နှစ်နှင့် ဖြိုးကျော်(ခ)ကျော်ကြီး(၂၁)နှစ်တို့ နှစ်ဦးကို   ပစ္စတိုတစ်လက်၊၉ မမ ကျည် ၁၄ တောင့်၊ လက်ပစ် ဗုံး တစ်လုံး၊ ဓားမြှောင် တစ်ချောင်း၊ လက်ကိုင်ဖုန်း သုံးလုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိတရားခံ   နှစ်ဦး၏ ထွက်ဆိုချက်အရ     အမရပူရ မြို့နယ်  တမုတ်ဆိုးကျေးရွာအုပ်စု သာလှအေးကျေးရွာတောင်ဘက် ဆင်ရွာကျေးရွာနေ    ဦးမြငွေ ပိုင်ဆိုင်သော ကွင်းအမှတ်-၅၇၀ (ခ) ပေါက်အင်းကွင်းရှိ  လယ်တဲ တွင်     လက်လုပ်မိုင်းများနှင့် လက်လုပ်        သေနတ်များ သိမ်းဆည်းထားကြောင်း   သိရှိ ရသဖြင့် လုံခြုံရေး ပူးပေါင်းအဖွဲ့ ဖြင့်     သွားရောက်ရှာဖွေရာ တူမီးလက်လုပ်သေနတ် ၂၃ လက် နှင့်  လက်လုပ်မိုင်း တစ်လုံးတို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
ထို့ပြင်    ဖမ်းဆီးရမိတရားခံ ထိန်ဝင်းအောင်(ခ)  တေဇနှင့် ဖြိုးကျော် (ခ) ကျော်ကြီးတို့ နှစ်ဦး သည်  ဧပြီလအတွင်း KIA ဌာနချုပ်၊ လိုင်ဇာမြို့အနီးတွင်  အကြမ်းဖက် ဖောက်ခွဲရေးသင်တန်း    တက် ရောက်ခဲ့ကြောင်း  ဖော်ထုတ်သိရှိ ရသည်။


ဖမ်းဆီးရမိတရားခံ  နှစ်ဦး၏ ထွက်ဆိုချက်အရ   ဇူလိုင်လတွင် ဖမ်းဆီးရန်ကျန်   ဝင်းထွန်း(ခ)မင်းသန်းကျော်မှ မြစ်ငယ် PDF အမည်ခံ   အကြမ်းဖက်အဖွဲ့အား အင်အား ၁၃ ဦးဖြင့်  ဖွဲ့စည်းခဲ့ရာ တရားခံ    ထိန်ဝင်းအောင် (ခ)တေဇနှင့်  တရားခံ ဖြိုးကျော် (ခ) ကျော်ကြီးသည်  အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ကြောင်း   ဖော်ထုတ်သိရှိ ရသည်။
မြစ်ငယ် PDF အမည်ခံ အကြမ်း ဖက်အဖွဲ့အနေဖြင့် အကြမ်းဖက် ဖောက်ခွဲရေး    လုပ်ငန်းများနှင့်  လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန် မှုအနေဖြင့်    အောက်တိုဘာ ပထမပတ်တွင်    ဝင်းထွန်း(ခ) မင်းသန်းကျော်၏ စေခိုင်းမှုဖြင့် တရားခံ ဖြိုးကျော်(ခ)ကျော်ကြီး မှ ဆိုင်ကယ်မောင်းနှင်၍ တရားခံ ထိန်ဝင်းအောင်   (ခ) တေဇမှ နောက်မှလိုက်ပါလျက်  အမရပူရ မြို့နယ်   စားတော်ကျေးရွာနေ အပြစ်မဲ့ပြည်သူ  ကိုမျိုး(ခ)ငမျိုး အား ဒလန်ဟုစွပ်စွဲ၍ သေနတ်ဖြင့် လေးချက်ပစ်ခတ်၍   လုပ်ကြံခဲ့ ကြောင်း။


အောက်တိုဘာ  ၅ ရက်တွင် မြစ်ငယ်မြို့  နှင်းဆီရပ်ကွက်နှင့် သဇင်ရပ်ကွက်လမ်းဆုံ၌ မြန်မာ့မီးရထားလူစီးတွဲနှင့်ကုန်တွဲစက်ရုံမှ  လက်ထောက်အင်ဂျင်နီယာ (လျှပ်စစ်)  ဦးစံထွန်းမြိုင်အား အောင်ခန့်ကျော်မှ    ဆိုင်ကယ် မောင်းနှင်၍      ဝင်းထွန်း (ခ)မင်းသန်းကျော်      နောက်မှ ထိုင်လိုက်ပါပြီး  ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့ကြောင်း၊  နိုဝင်ဘာ ၄ ရက်တွင် တရားခံ ဖြိုးကျော်(ခ)ကျော်ကြီးနှင့် ထိန်ဝင်းအောင် (ခ)တေဇတို့နှစ်ဦးမှ အမရပူရမြို့နယ် တဲနံ့သာကျေးရွာ   ရစဖမှူး၏ သမက်ဖြစ်သူ      ချစ်ကိုအား ပစ္စတိုဖြင့်    နှစ်ချက်ပစ်ခတ် လုပ်ကြံ   သတ်ဖြတ်ခဲ့ကြောင်း၊ နိုဝင်ဘာ ၁၃ ရက်တွင် တရားခံ ဖြိုးကျော်   (ခ)  ကျော်ကြီးနှင့် ထိန်ဝင်းအောင်  (ခ)  တေဇတို့ နှစ်ဦးမှ အမရပူရမြို့နယ်  ဆင်ရွာ မြင်းမူးကျေးရွာနေ အပြစ်မဲ့ပြည်သူ စိုးသူအား     ဒလန်ဟုစွပ်စွဲ၍ ဆင်ရွာမြင်းမူးကျေးရွာအဝင်လမ်း  အနီးတွင်  ပစ္စတိုဖြင့် လေးချက်ခန့် ပစ်ခတ်     လုပ်ကြံသတ်ဖြတ်ခဲ့ ကြောင်း၊   နိုဝင်ဘာ ၁၆ ရက်တွင် တရားခံ ဖြိုးကျော်(ခ)ကျော်ကြီး နှင့် ထိန်ဝင်းအောင် (ခ)တေဇတို့ နှစ်ဦးမှ မြစ်ငယ်တိုးဂိတ်အကျော် Denko ဆီဆိုင်အနီး  ထုံးဘိုလမ်း တွင်   မကျည်းချိုကျေးရွာနေ အပြစ်မဲ့ပြည်သူ  ညီညီလွင်အား ဒလန်ဟု   စွပ်စွဲ၍   ပစ္စတိုဖြင့် ခြောက်ချက်   ပစ်ခတ်သတ်ဖြတ် ခဲ့ပြီး  ၎င်း၏ ဆိုင်ကယ်၊ လက်ကိုင် ဖုန်းနှင့် ငွေကျပ် ၂၈ သိန်းတို့ကို ယူဆောင်ခဲ့ကြောင်း   ဖော်ထုတ် သိရှိရသည်။


ထို့ပြင် မြစ်ငယ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့မှ ဝင်းထွန်း(ခ) မင်းသန်းကျော်နှင့်  ငရဲ(ခ)ကုလား တို့ နှစ်ဦးသည် အောက်တိုဘာ ၂၂ ရက်တွင် အမရပူရမြို့နယ်  သရက် တန်းကျေးရွာရှိ Mytel ဖုန်းတာ ဝါတိုင်အား    လက်လုပ်ဗုံးဖြင့် ဖောက်ခွဲ     ဖျက်ဆီးခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။


အထက်ပါ  ဖမ်းဆီးရမိသူများ အား  ဥပဒေအရ   ထိရောက်စွာ အရေးယူနိုင်ရေး    ဆက်လက်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့်  ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့     ပုန်းခိုရာနေရာများ၊ လှုပ်ရှား    သွားလာနေထိုင်မှု သတင်းများရရှိပါက  သက်ဆိုင်ရာ သို့   လျှို့ဝှက်စွာ သတင်းပေးတိုင် ကြားနိုင်ကြောင်းနှင့်   မြို့ရွာများ အမြန်ဆုံး  အေးချမ်းတည်ငြိမ် ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်      ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ ထားကြောင်း   သက်ဆိုင်ရာမှ သတင်းရရှိသည်။  


သတင်းစဉ်