အနာဂတ်ကို မျှော်ကိုး၍

 

အနာဂတ်ကို မျှော်ကိုး၍

 

    i    ငါ့အိမ်ရှေ့တွင်
        နှင်းဆီပင်တည့်။
    i    နှင်းဆီပင်မှာ
        ဝေဆာပွင့်လန်း၊ နှင်းဆီပန်းတည့်။
    i    နှင်းဆီပင်အား
        ပေါင်းများသုတ်သင်၊ ခက်လက်ထွင်၍
        ရေစင်ပက်ဖျန်း၊ မညှိုးနွမ်းအောင်
        ကြိုးပမ်းရက်ဆက်၊ ဝတ်မပျက်ခဲ့။
    i    ငါ့ကြိုးပမ်းမှု၊ အစုစုသည်
        ယခုပွင့်လန်း၊ လှရည်ဆမ်းသော
        ပန်းများတွက်ချည်း မဟုတ်ပါ။
    i    ယခုထက်ပင်
        အလှဆင်ရန်၊ စိတ်ရည်သန်၍
        မာန်နှင့် ဇွဲနှင့်၊ ချိန်မဖင့်ဘဲ
        သင့်နိုးရာရာ၊ ဆောင်ရွက်ပါသည် . . . .
        နောင်ခါပွင့်မည့် ပန်းများအတွက်။

ကို(တက္ကသိုလ်)