
နေပြည်တော် ဇွန် ၂၂
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏ အနာဂတ်ဖြစ်သည့် မျိုးဆက်သစ် ရင်သွေး ငယ်များ၏ ပညာရေးတွင် နောက်ကျ ကျန်ရစ်မှုမဖြစ်ပေါ်စေရေးအတွက် ပညာ သင်ကြားနိုင်မှု အခွင့်အလမ်းကို ပြည့်ဝ စွာ အသုံးချနိုင်စေရန် အခြေခံပညာ ကျောင်းများကို ဇွန် ၂ ရက်တွင် စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ NUG နှင့် ၎င်း၏လက်အောက်ခံ နိုင်ငံရေး အစွန်းရောက် အကြမ်းဖက်များက အနာဂတ်ရင်သွေးငယ်များ၏ ပညာ သင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ကျောင်းသား ကျောင်းသူ၊ ဆရာ၊ မိဘများကို
အထိတ်တလန့် ဖြစ်စေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ် ချက်များဖြင့် စာသင်ကျောင်း များတွင် ဆန့်ကျင်ခြိမ်းခြောက် စာများ ရေးသားချိတ်ဆွဲ၍ ခြိမ်းခြောက် အကြမ်းဖက်ခြင်း များ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇွန် ၂၁ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် အတွင်းရှိ စာသင်ကျောင်း ခြောက်ကျောင်းကို ခြိမ်းခြောက် စာများ ပေးပို့ခံရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ အမှတ်(၃)ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းနှင့် အမှတ်(၄) အခြေခံ ပညာ မူလတန်းကျောင်း၊ အမှတ် (၅) ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာ အလယ်တန်း ကျောင်းနှင့် အမှတ် (၆) အခြေခံ ပညာမူလတန်းကျောင်း၊ အမှတ်(၁) ရပ်ကွက်ရှိ အမှတ်(၅) အခြေခံ ပညာ မူလတန်းကျောင်းနှင့် အမှတ်(၇) အခြေခံပညာမူလတန်း ကျောင်းများသို့ အမျိုးသားနှစ်ဦး က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိ လာပြီး “တားမြစ်သတိပေးချက်” ခေါင်းစဉ်ဖြင့် ခြိမ်းခြောက်စာ များကို ထမင်းစားကျောင်းဆင်း ချိန်တွင် ကျောင်းပြင်ပနေအိမ်သို့ ထမင်းပြန်စားသော ကျောင်းသား များမှတစ်ဆင့် ကျောင်းအုပ်ကြီး များထံသို့ ပေးပို့ဖြန့်ဝေခိုင်းခဲ့ ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ခြိမ်းခြောက်စာ ပေးပို့သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထို့ပြင် ဇွန် ၂၁ ရက်မွန်းလွဲ ၁၂ နာရီ မိနစ် ၅၀ တွင် မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ဘိုကုန်း ရပ်ကွက် မော်လမြိုင်မြို့နယ်ပညာရေးမှူးရုံးဝင်းရှိ အားကစားခန်းမ အုတ်နံရံအနီး ပန်းပင်များအတွင်း ၌ လက်လုပ်မိုင်းနှစ်လုံး တွေ့ရှိ ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါနေရာရှိ ပန်းပင်များအတွင်း အပြာရောင် ကွန်ကျူးပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်းနှစ်လုံး တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ကြောင်း သိရ သည်။
အထက်ပါ ဖြစ်စဉ်များမှ ကျောင်းသား ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့်ဖြစ် စေရန်နှင့် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားခြင်း မပြုနိုင်စေ ရန် ရည်ရွယ်၍ ခြိမ်းခြောက် အကြမ်းဖက်ခြင်းများ ပြုလုပ်ခဲ့ သည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်များကို ဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်