အင်းစိန်မြို့နယ် လှိုင်မြစ်လမ်း အင်းစိန်ခုံးကျော်တံတားပေါ် လုယက်မှု ဖြစ်စဉ်မှ တရားခံများဖမ်းဆီးရမိ

 

နေပြည်တော်  ဒီဇင်ဘာ  ၂၄


၂၀၂၁ ခုနှစ်  ဒီဇင်ဘာ ၁၉ ရက်တွင် အင်းစိန်မြို့နယ်        ဈေးကုန်း ရပ်ကွက်   လှိုင်မြစ်လမ်း   အင်းစိန် ဈေးတွင်     ဖွင့်လှစ်ထားရှိသော ကျုံစင်း    အာမခံရွှေဆိုင်ပိုင်ရှင် ဦးနှင်းငွေ (၅၁) နှစ်သည်       ဇနီး ဒေါ်သူဇာအေး(၄၅)နှစ်၊  သားဖြစ် သူ     မောင်မောင်သက်ခိုင်(၉)နှစ်တို့နှင့်အတူ   ၎င်း၏  ရွှေဆိုင်မှ နေအိမ်သို့ပြန်လာခဲ့ရာ အင်းစိန် မြို့နယ်  လှိုင်မြစ်လမ်း   အင်းစိန်ခုံး ကျော်တံတားအလယ်သို့   ရောက် ရှိစဉ်   YGN-5F/7939 Probox အဖြူရောင်    အငှားယာဉ်သည် လမ်းကို    ပိတ်ရပ်၍    ယာဉ်ပေါ်ပါ အမျိုးသားငါးဦးက    ဦးနှင်းငွေ ပိုင်ဆိုင်သည့်      ရွှေထည်ပစ္စည်း 
စုစုပေါင်း   အလေးချိန် ၄ ပိဿာ ၅၀ ကျပ် သားခန့်  ထည့်ထားသည့် လက်ဆွဲ အိတ်နှစ်လုံး    (ကာလ တန်ဖိုး ငွေသိန်းကျပ်     ၇၂၀၀  ခန့်)          လုယက်ယူဆောင်ကာ    ၎င်းတို့     စီးနင်းလာသည့်     ယာဉ် ဖြင့်          ထွက်ပြေးသွားခဲ့သည့်       ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

 


ဖမ်းဆီးရမိရေးဆောင်ရွက်


အထက်ပါ    လုယက်မှုဖြစ်စဉ် တွင် ကျူးလွန်ခဲ့သော တရားခံများ အား  ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ ရာ   ဒီဇင်ဘာ ၂၂ ရက်   ညနေပိုင်း တွင် အင်းစိန်မြို့နယ်  ဒညင်းကုန်း ဘူတာအနီးရှိ       “အာကာကျော်” ကားဘော်ဒီနှင့်    ဆေးမှုတ်ရုံတွင် လုယက်မှုကျူးလွန်ရာ၌ အသုံးပြု ခဲ့သည့်       Probox   ယာဉ်နှင့် ယာဉ်ပေါ်မှ    လက်ပစ်ဗုံးတစ်လုံး သိမ်းဆည်းရမိခဲ့ပြီး  ယာဉ်ပိုင်ရှင် အား ဖမ်းဆီးရမိရေး  ဆက်လက် ဆောင်ရွက်ခဲ့ရာ      ညပိုင်းတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၄၂)ရပ်ကွက်  အမှတ်(၉၁၃)၌ သန့်ဇင်ဦး(ခ) ဝတုတ်(၃၃)နှစ်နှင့် အေးအေးဟန်(ခ) သဲသဲ (၄၃)နှစ်တို့နှစ်ဦးကို ငွေကျပ် ၁၁ သိန်း ၄ သောင်း၊ ရွှေလက်စွပ်မျိုးစုံ ၁၆၅ ကွင်း၊     ရွှေနားကပ် မျိုးစုံ ၁၄ ရံ၊ ရွှေဆွဲပြားမျိုးစုံ       လေးပြား၊ ရွှေဟန်းချိန်း နှစ်ခု၊     ရွှေဆွဲကြိုး မျိုးစုံ ၄၆ ကုံး၊    ရွှေလက်ကောက် မျိုးစုံ ၁၅ ကွင်းတို့နှင့်အတူ      ဖမ်း ဆီးရမိခဲ့သည်။

 


တရားခံ သန့်ဇင်ဦး(ခ)ဝတုတ် ၏ ထွက်ဆိုချက်အရ   ညပိုင်းတွင် အင်းစိန်မြို့နယ်    ရွာမအနောက် ရပ်ကွက်   မုဒိတာအိမ်ရာ(၂) တိုက် (၂/အေ) အခန်း(၃၅၁)၌  ဘောဂ (၂၉)နှစ်အား    ငွေကျပ် ၉ သိန်း၊ ရွှေလက်စွပ်မျိုးစုံ ၉၇ ကွင်း၊   ရွှေ နားကပ်မျိုးစုံ ၁၄ ရံ၊   ရွှေဆွဲပြား မျိုးစုံ ၄၀၊ ရွှေဟန်းချိန်း ၈ ခု၊ ရွှေဆွဲ ကြိုးမျိုးစုံ အကုံး ၂၀ ၊    ရွှေလက် ကောက်မျိုးစုံ   ရှစ်ကွင်းတို့နှင့် လည်းကောင်း၊  မြောက်ဥက္ကလာပ မြို့နယ်     သော်ကလမ်း(ကျူး) (၁)ရပ်ကွက်၌     သန်းမြင့်စိုး(ခ)စိုးလေး (၄၆)နှစ်၊    သင်းသင်း ဝေ(၃၄)နှစ်၊ ခိုင်နှင်းဝေ(၂၁)နှစ်တို့ သုံးဦးကို    ငွေကျပ် ၁၃၅ သိန်း၊ ရွှေလက်စွပ်မျိုးစုံ      အကွင်း ၂၀၊ ရွှေဟန်းချိန်း နှစ်ခု၊   ရွှေဆွဲကြိုး တစ်ကုံး၊     ရွှေနားကပ်မျိုးစုံ လေးရံ၊      ရွှေကြယ်သီးနှစ်ခု၊ Probox     အငှားယာဉ်တစ်စီးတို့ နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

 


ထပ်မံဖမ်းဆီးရမိ


တရားခံ       သန်းမြင့်စိုး(ခ)စိုးလေး ၏    ထွက်ဆိုချက်အရ  ညပိုင်းတွင်    မရမ်းကုန်းမြို့နယ်  ကြက်ခြံကွင်း    (၁)ရပ်ကွက်၌  ဟိန်းဇော်ထွန်း(ခ)ကိုဟိန်း(၃၂)နှစ်ကို  လည်းကောင်း၊  ဒီဇင်ဘာ ၂၃ ရက်       နံနက်ပိုင်းတွင် သမိုင်းမြို့သစ်ရပ်ကွက်၌  စည်သူ ဖြိုး(ခ) စည်သူထွေး  (၂၅)နှစ်ကို ငွေကျပ် ၉ သိန်း၊  ရွှေနားကပ်မျိုးစုံ အရံ ၃၀ ၊   ရွှေလက်စွပ် တစ်ကွင်း တို့နှင့်လည်းကောင်း        ထပ်မံ ဖမ်းဆီးရမိခဲ့သည်။

 


တရားခံ   ဟိန်းဇော်ထွန်း(ခ)ကိုဟိန်း ၏    ထွက်ဆိုချက်အရ ဒီဇင်ဘာ ၂၃ ရက်  မွန်းလွဲပိုင်းတွင် မရမ်းကုန်းမြို့နယ်    (၂)ရပ်ကွက် ဗဟိုလမ်း အမှတ်(၆၁၃) တိုက်(A) ၌ ဇင်ငြိမ်းအောင် (ခ)ဇင်ကိုဝင်း (၂၈)နှစ်နှင့် မိုးဇင်ဦး(ခ)မျိုးမင်းဦး (၃၁)နှစ်တို့ နှစ်ဦးကို   ရွှေနားကပ် မျိုးစုံ ၂၅ ရံ၊     ရွှေလက်စွပ်တစ် ကွင်းနှင့် WY စာတန်းပါ  စိတ်ကြွ ရူးသွပ်ဆေးပြား ၅၄၅၀    တို့နှင့် အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

 


ဖြစ်စဉ်တွင်        တရားခံ အမျိုးသား ခုနစ်ဦး၊  အမျိုးသမီး သုံးဦး၊  ပေါင်း ၁၀ ဦးကို  ငွေကျပ် ၁၆၄ သိန်း  ၄ သောင်း၊ ရွှေလက်စွပ် မျိုးစုံ     ၂၈၄ ကွင်း၊ ရွှေနားကပ်မျိုးစုံ ၈၇ ရံ၊ ရွှေဆွဲပြား မျိုးစုံ ၄၄ ပြား၊  ရွှေဟန်းချိန်း ၁၂ ခု၊      ရွှေဆွဲကြိုး မျိုးစုံ ၆၇ ကုံး၊ ရွှေလက်ကောက် မျိုးစုံ ၂၃ ကွင်း၊ ရွှေကြယ်သီး နှစ်ခု၊ WY စာတန်းပါ   စိတ်ကြွရူးသွပ် ဆေးပြား  ၅၄၅၀ ၊   အငှားယာဉ်     နှစ်စီးတို့နှင့်အတူ  ဖမ်းဆီးရမိခဲ့ သည်။ 

 


ကြိုတင်လေ့လာခဲ့


တရားခံများ၏ ထွက်ဆိုချက် အရ     သန့်ဇင်ဦး(ခ)ဝတုတ် နှင့် ဘောဂ တို့ နှစ်ဦးသည် နိုဝင်ဘာလ တွင်  ကျုံစင်းရွှေဆိုင်အား  လမ်းမှ ဖြတ်၍  ဓားပြတိုက်ရန်  တိုင်ပင်ခဲ့ ပြီး     ရွှေဆိုင်၏အခြေအနေကို ကြိုတင်လေ့လာခဲ့ကြောင်း၊   ယင်း နောက်   သန့်ဇင်ဦး(ခ)ဝတုတ်မှ လူထပ်ခေါ်ရန် ဘောဂ ကို  စေခိုင်း ခဲ့သဖြင့်   စည်သူဖြိုး(ခ)စည်သူ ထွေး နှင့် ဖမ်းဆီးရန်ကျန် တရားခံ များဖြစ်သော ဇော်လင်း၊ နေဇော်၊ ကုလား၊ မှတ်ကြီး၊ ချိုဦး   တို့ကို ထပ်မံ     ချိတ်ဆက်ခေါ်ယူကာ အင်းစိန်ခုံးကျော်တံတားပေါ်တွင် ကျုံစင်းရွှေဆိုင်မှ  ရွှေထည်ပစ္စည်း များ   သယ်ယူလာမည့်   ယာဉ်အား လုယက်ရန် ပြင်ဆင်ခဲ့ကြောင်း။

 


လုယက်ရန် ဆောင်ရွက်


ရွှေထည်ပစ္စည်းများ     သယ် ဆောင်လာသည့်           ယာဉ်အား လုယက်ရန်       တာဝန်ခွဲဝေခဲ့ရာ သန့်ဇင်ဦး(ခ)ဝတုတ်  မောင်းနှင် သည့်ယာဉ်သည်    ၎င်းယာဉ်၏ ရှေ့မှ      ပိတ်ဆို့ရပ်တန့်စေပြီး သန်းမြင့်စိုး(ခ)စိုးလေး     နှင့်  ဖမ်းဆီးရန်ကျန်     ဇော်လင်းတို့ နှစ်ဦးလိုက်ပါသည့်   ယာဉ်သည် ရွှေများ        သယ်ဆောင်လာသည့် ဦးနှင်းငွေ  မောင်းနှင်သောယာဉ်၏ နောက်မှ   လိုက်ပါစေကာ    အခြေ အနေ စောင့်ကြည့်ရန်နှင့်  စည်သူ ဖြိုး(ခ) စည်သူထွေး နှင့်  ဖမ်းဆီး ရန်ကျန် မှတ်ကြီး၊ ချိုဦး တို့ သုံးဦး သည်   အင်းစိန်မြို့နယ်   လှိုင်မြစ် လမ်း   အင်းစိန်ခုံးကျော်တံတား အနီးရှိ   လမ်းဘယ်ဘက်ခြမ်းတွင် လည်းကောင်း၊    ဖမ်းဆီးရန်ကျန် နေဇော် နှင့် ကုလား တို့   နှစ်ဦး သည်     လမ်းညာဘက်ခြမ်းတွင် လည်းကောင်း    အသင့်ကြိုတင် စောင့်ဆိုင်းကာ ဗဟိုလမ်းဘက်သို့ ချိုးကွေ့သည့်    တံတားအလယ် နေရာတွင်         လုယက်ရန် ဆောင်ရွက်ခဲ့ကြောင်း။

 


ရွှေထည်ပစ္စည်းများ   ဓားပြ တိုက်ရန်  တာဝန်ခွဲဝေခဲ့ပြီးနောက် ဘောဂ သည်  ဒီဇင်ဘာ ၁၆ ရက်မှ ၁၉ ရက်ထိ    ရွှေဆိုင်၏  ဖွင့်ချိန်၊ ပိတ်ချိန်၊ ယာဉ်ဝင်/ထွက်ချိန်များ အား စောင့်ကြည့်ခဲ့ပြီး  ဒီဇင်ဘာ ၁၉ ရက်တွင်  ကျန်တရားခံများမှ ယခင်      တာဝန်ခွဲဝေထားသည့် အတိုင်း       ရွှေထည်ပစ္စည်းများ လုယက်ခဲ့ခြင်း          ဖြစ်ကြောင်း၊ လုယက်ရရှိလာသည့်     ရွှေထည် များအား  သန့်ဇင်ဦး(ခ) ဝတုတ်၊ ဘောဂ၊ စည်သူဖြိုး(ခ)စည်သူထွေး နှင့်  ဖမ်းဆီးရန်ကျန်  နေဇော် တို့ လေးဦးမှ တစ်ဝက် ၊ သန်းမြင့်စိုး(ခ)စိုလေး၊ ဖမ်းဆီးရန်ကျန် ဇော်လင်း၊ မှတ်ကြီး၊ ချိုဦး၊ ကုလား တို့ ငါးဦးမှ တစ်ဝက်စီ     အသီးသီးခွဲဝေယူခဲ့ ကြောင်း သိရှိရသည်။

 


 ရွှေထည်အချို့ရောင်းချခဲ့


တရားခံ ဘောဂ သည် ၎င်းရရှိ သည့်  ရွှေထည်အချို့ ရောင်းချခဲ့ရာ ငွေကျပ် ၁၀၅ သိန်း     ရရှိခဲ့ပြီး ငွေကျပ်သိန်း ၄၀ ကို သန့်ဇင်ဦး(ခ)ဝတုတ် ထံ ပေးအပ်ခဲ့ကာ ကျန်ငွေ များအား   ကိုယ်ရေးကိုယ်တာသုံးစွဲခဲ့ကြောင်း၊    သန်းမြင့်စိုး(ခ)စိုးလေး သည်   ရွှေထည်အချို့အား ရောင်းချခဲ့ရာ   ငွေကျပ်သိန်း ၁၆၀ ရရှိခဲ့ပြီး ကိုယ်ရေးကိုယ်တာ သုံးစွဲ ခဲ့ကြောင်းနှင့်     စည်သူဖြိုး (ခ)စည်သူထွေး သည် ရွှေထည်အချို့ ကို  ဖျောက်ဖျက်ရန်  ရည်ရွယ်ချက် ဖြင့်      ရွှေအရည်ကျိုရန်အတွက် ဟိန်းဇော်ထွန်း(ခ) ကိုဟိန်းနှင့် ဇင်ငြိမ်းအောင်   (ခ)  ဇင်ကိုဝင်း တို့ကို   ပေးအပ်ခဲ့ကြောင်း  သိရှိရ သည်။

 


သတင်းပေးတိုင်ကြားနိုင်


ဖမ်းဆီးရမိ     တရားခံများ အနေဖြင့် PDF အမည်ခံ   အကြမ်း ဖက်အဖွဲ့များ၏     ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန်အတွက် အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင်     ဖောက်ခွဲရေး လုပ်ငန်းများ    ဆောင်ရွက်ခြင်း၊ အပြစ်မဲ့ပြည်သူများကို     လုပ်ကြံ သတ်ဖြတ်ခြင်း၊     လုံခြုံရေးအရ တပ်ဆင်ထားသော        CCTV ကင်မရာများ၊    Control Box များကို      ဖောက်ခွဲဖျက်ဆီးခြင်း စသည့်  အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအပေါ်  အခွင့် ကောင်းယူ၍  လုယက်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းနှင့်  ထိုသို့ လုယက်မှုကျူးလွန်ရာတွင်  စိတ် ကြွရူးသွပ်ဆေးပြားများ   သုံးစွဲ၍ ဆောင်ရွက်ခဲ့ခြင်း     ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့်   ပြည်သူ လူထုအနေဖြင့်  ဖမ်းဆီးရန်ကျန် တရားခံများနှင့်     တည်ငြိမ် အေးချမ်းမှုကို      မလိုလားသော PDF အမည်ခံ အကြမ်းဖက်သမား များ၏ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက   သက်ဆိုင်ရာ သို့   လျှို့ဝှက်စွာ    သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်း ပေးသူနှင့်  ဖမ်းဆီးပေးသူများကို ထိုက်တန်စွာ  လျှို့ဝှက်၍  ဆုငွေ များ  ချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်း တည်ငြိမ်ရေးအတွက်     ပြည်သူ တစ်ရပ်လုံး      ပူးပေါင်းပါဝင် ကြိုးပမ်း   ဆောင်ရွက်နိုင်ပါရန် သက်ဆိုင်ရာက  သတင်းထုတ်ပြန် ထားကြောင်း သိရသည်။ 


သတင်းစဉ်