အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းသို့ နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲခွင့်ပြုမည်

ဂျကာတာ  အောက်တိုဘာ  ၄


ပြည်ပနိုင်ငံများမှ လေကြောင်းခရီးစဉ်များအား  အင်ဒို နီးရှားနိုင်ငံ ဘာလီကျွန်းသို့ အောက်တိုဘာ ၁၄ ရက်မှ စတင်၍ ပြန်လည်ပြေးဆွဲခွင့်ပြုသွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှား   အစိုးရရေကြောင်းသွားလာရေးနှင့်       ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး လူဟက်ဘင်ဆာပန်ဂျာတန်က ဗီဒီယိုကွန်ဖရင့်ဖြင့်  ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြား သည်။


အဆိုပါလေကြောင်းခရီး ပြန်လည်ပြေးဆွဲခွင့်ပြု သောနိုင်ငံများ၌ တောင်ကိုရီးယား၊  တရုတ်၊  ဂျပန်၊ နယူးဇီလန်၊   အာရပ်စော်ဘွားများပြည်ထောင်စုတို့ပါဝင်ကြောင်း  ၎င်းက ပြောကြားသည်။   အင်ဒိုနီးရှား နိုင်ငံသို့    လာရောက်မည့်ခရီးသည်များအနေဖြင့်    ဟိုတယ်၌ ရှစ်ရက်ကြာ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ  သီးခြားစောင့်ကြည့်မှုခံယူရန်နှင့်    လိုအပ်သော    ကျန်းမာရေးစစ်ဆေးမှုများ   ဆောင်ရွက်ရန်လိုအပ် ကြောင်း  သိရသည်။ 


အင်ဒိုနီးရှားနိုင်ငံအတွင်း လက်ရှိအချိန်၌ အများ ပြည်သူများအား    ကိုဗစ်-၁၉    ရောဂါကူးစက်မှုမှ ကာကွယ်ရန်    အောက်တိုဘာ     ၁၈  ရက်အထိ သက်‌ရောက်သော အသွားအလာကန့်သတ်မှု ချမှတ် ထားကြောင်း သိရသည်။      

   ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ