အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီပြည်နယ်တောင်ပိုင်းတွင် ရေကြီးမြေပြိုမှုများဖြစ်ပွားရာ လူတစ်ဦးသေဆုံးပြီး အိမ်ခြေ ၁ဝဝဝ ကျော် ရေနစ်မြုပ်

 

ဂျကာတာ  ဇူလိုင်   ၈  


အင်ဒိုနီးရှားနိုင်ငံ    ဆူလာဝေစီ ပြည်နယ်တောင်ပိုင်းရှိ ခရိုင်သုံးခု တို့တွင် ရေကြီးခြင်း၊   မြေပြိုခြင်း များ ဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံး ခဲ့ပြီး အိမ်ခြေပေါင်း ၁ဝဝဝ ကျော် နစ်မြုပ်ခဲ့ကြောင်း    အမျိုးသား သဘာဝဘေးဒုက္ခဆိုင်ရာ     စီမံ ခန့်ခွဲရေးအေဂျင်စီက      ဇူလိုင် ၈ ရက်က ပြောကြားလိုက်သည်။


သဘာဝဘေးနှင့်      ရင်ဆိုင် ကြုံတွေ့ခဲ့သော   ခရိုင်သုံးခုမှာ ဂျီနီပွန်တူ၊ ဘန်တန်း၊ ဆင်ဂျိုင်တို့ ဖြစ်ကြောင်း  အမျိုးသားသဘာဝ ဘေးဒုက္ခဆိုင်ရာ        စီမံခန့်ခွဲရေး အေဂျင်စီမှ  ပြောရေးဆိုခွင့်ရှိသူ အဗဒူမူဟာရီက ပြောကြားခဲ့သည်။ 


ဇူလိုင်   ၇   ရက်   အစောပိုင်း ကတည်းက    မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး     ဂျီနီပွန်တူတွင် မိုးရေချိန် ၅ဝ စင်တီမီတာမှ ၂ဝဝ စင်တီမီတာကြား အရောက်တွင် လူနေအိမ်ခြေများ ရေနစ်မြုပ်ခဲ့ပြီး  လူတစ်ဦးသေဆုံးခဲ့သည်။ အစိုးရ အဆောက်အအုံများ၊    ကျောင်း များ၊ ကျန်းမာရေးစောင့်ရှောက်ရေး ရုံးဌာနများနှင့် အိမ်ခြေ ၁၄၈ လုံး ရေလွှမ်းမိုးခဲ့ပြီး အိမ်ခြေ ၂၆ လုံးမှာ အကြီးအကျယ် ပျက်စီးခဲ့သည်။ 


ရေကြီးရေလျှံမှုများ တဖြည်း ဖြည်းမြင့်တက်လျက်ရှိစဉ် သက် ဆိုင်ရာအရာရှိများက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူ အညီများ ဖြန့်ဝေပေးပြီး သဘာဝ ဘေးဒုက္ခ    ရောက်နေသူများကို စာရင်းကောက်ယူလျက်ရှိကြောင်း  အမျိုးသား    သဘာဝဘေးဒုက္ခ ဆိုင်ရာ  စီမံခန့်ခွဲရေးအေဂျင်စီ၏     ပြောရေးဆိုခွင့်ရှိသူ    မူဟာရီက ပြောသည်။ 


ဆင်ဂျိုင်   ဒေသတွင်လည်း ဇူလိုင်  ၈ ရက် နံနက်ပိုင်းကတည်း က ရွာသွန်းလိုက်သော မိုးကြောင့် ကျေးရွာငါးခုတွင်    ရေကြီးခြင်း၊ မြေပြိုခြင်းများ           ဖြစ်ပွားခဲ့ပြီး မိသားစုရှစ်စုမှာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရသည်။     ကျေးရွာ ပေါင်းရှစ်ရွာရှိ    အိမ်ခြေပေါင်း ၁ဝဝဝ  ခန့်     ရေလွှမ်းမိုးနစ်မြုပ်ခဲ့ သည်။ 


သက်ဆိုင်ရာ တာဝန်ရှိသူများ သည် ဘန်တန်းဒေသတွင် ရေကြီး နစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးမှု များကို တွက်ချက်လျက်ရှိသည်။ 

ဆင်ဟွာ