အင်ဒိုနီးရှားနိုင်ငံ ပါပူအာ၌ ကုန်တင်လေယာဉ် ပျက်ကျပြီး လေယာဉ်မှူးသေဆုံး 


 

ဂျကာတာ အောက်တိုဘာ ၂၅


အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း   ပါပူအာပြည်နယ်   ပွန်ကက်ခရိုင်  လေဆိပ်တွင်  ကုန်ပစ္စည်းတင်လေယာဉ်ပျက်ကျခဲ့ရာ လေယာဉ် မှူး သေဆုံးသွားခဲ့သည်ဟု သိရသည် ။ 
တွဲဖက်လေယာဉ်မောင်းသူမှာ   ဒဏ်ရာရရှိခဲ့သည်ဟု အင်ဒို နီးရှား    သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန   ပြောရေးဆိုခွင့်ရှိသူ အဒီတာအီရာတာတီက ဆင်ဟွာသို့ ပြောသည်။
 အာမင်ဂါရူလေဆိပ်သို့  ဆင်းသက်ရန် ကြိုးပမ်းစဉ်အတွင်း  လေယာဉ်ငယ်ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း  အဆိုပါပြောရေးဆိုခွင့် ရှိသူက ပြောသည်။  ဆေးခန်းသို့ပို့ဆောင်ပေးစဉ်  လေယာဉ်မှူးမှာ သေဆုံးသွားခဲ့ပြီး တွဲဖက်လေယာဉ်မှူးမှာမူ ဒဏ်ရာရရှိခဲ့သည်။ 
အင်ဒိုနီးရှားသယ်ယူပို့ဆောင်ရေး လုံခြုံစိတ်ချရမှုကော်မတီက လေယာဉ်ပျက်ကျရသည့်အကြောင်းကို     စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဟု ၎င်းကဆက်ပြောသည်။   အာမင်ဂါရူလေဆိပ်ကို ယာယီပိတ်ထားရကြောင်း သိရသည်။
ဆင်ဟွာ