အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း၌ ပြင်းအား ၇ ဒသမ ၃ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုဖြစ်ပွား

 

ဂျကာတာ   ဒီဇင်ဘာ   ၃၀ 


အင်ဒိုနီးရှားနိုင်ငံ       အရှေ့ပိုင်း Banda Sea တွင် ဒီဇင်ဘာ ၃၀ ရက်က   ပြင်းအား   ၇  ဒသမ  ၃ အဆင့်ရှိ    ငလျင်တစ်ခုလှုပ်ခဲ့ရာ ပျက်စီးမှုအနည်းငယ်ရှိခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ  မိုးလေဝသနှင့် ရာသီဥတု၊ ဘူမိရူပဗေဒအေဂျင်စီ (ဘီအမ်ကေဂျီ) က ဖော်ပြခဲ့သည်။

 


ငလျင်လှုပ်မှုကြောင့် အနောက် တောင်ပိုင်း  မာလူကူတွင်  အိမ် နှစ်လုံး    ပြိုကျခဲ့ပြီး    တခြား အသေးစားပျက်စီးမှုများ ဖြစ်ပွား ခဲ့ကြောင်း၊ ငလျင်ကြောင့် ဆူနာမီ ဖြစ်ပွားခြင်း       မရှိခဲ့ကြောင်း ဘီအမ်ကေဂျီက ပြောကြားလိုက် သည်။ 

 


ငလျင်သည် ဒေသစံတော်ချိန် နံနက်   ၁  နာရီ ၂၅ မိနစ်တွင် အနောက်တောင်ပိုင်း    မာလူကု ဒေသရှိ တီယာကာမြို့အရှေ့ဘက် ၁၃၂ ကီလိုမီတာအကွာ ပင်လယ် ပြင်ကို  ဗဟိုပြု၍ ပင်လယ်ကြမ်း ပြင်အောက်   ၁၈၃  ကီလိုမီတာ အနက်တွင်     လှုပ်ခတ်ခဲ့ကြောင်း ဘီအမ်ကေဂျီ၏       အကြီးအကဲ ဘန်ဘန်ဆက်တီယို ပရာရစ်နိုက ဒီဇင်ဘာ  ၃၀  ရက်က ထုတ်ပြန် ခဲ့သော ကြေညာချက်တစ်ခုတွင် ဖော်ပြခဲ့သည်။ 

 


ငလျင်ကြီးလှုပ်ခတ်ပြီးနောက် ငလျင်ငယ်သုံးခု  ထပ်မံလှုပ်ခဲ့ရာ အများဆုံးမှာ ပြင်းအား ၅ ဒသမ ၂ အဆင့်အထိရှိကြောင်း     သိရ သည်။ 
အေဂျင်စီက ပြည်သူများကို ယုံကြည်စိတ်ချရသော သတင်း ရင်းမြစ်များတွင်   နောက်ဆုံးရ သတင်းများကို ဆက်လက်စောင့် ကြည့်သွားရန်နှင့် ငလျင်ကြောင့် ပြိုပျက်ခဲ့သော        အဆောက်အအုံ ပျက်များနှင့်      ဝေးဝေးနေရန် သတိပေးတိုက်တွန်းခဲ့သည်။ 


ဆင်ဟွာ