အင်ဒိုနီးရှားနိုင်ငံက Novavax ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား အရေးပေါ်အသုံးပြုရန် အတည်ပြု

ဂျကာတာ   နိုဝင်ဘာ   ၂


အင်ဒိုနီးရှားနိုင်ငံအစိုးရသည် အမေရိကန် ဇီဝနည်းပညာကုမ္ပဏီ    Novavax  က ထုတ်လုပ်သည့် Novavax ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို    အရေးပေါ် အသုံးပြုရန် အတည်ပြုခဲ့ကြောင်း ယနေ့ သတင်းများအရ သိရသည်။


Novavax   ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုမည့်   ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍  ယနေ့တွင် ဂျပန်သတင်းဌာန အင်န်အိတ်ချ်ကေနှင့်   တွေ့ဆုံမေးမြန်းရာတွင် အင်ဒိုနီးရှားကျန်းမာ ရေးတာဝန်ရှိသူများက အထက်ပါအတိုင်း ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။


အင်ဒိုနီးရှားနိုင်ငံသည်   Novavax ကိုဗစ်-၁၉  ရောဂါ  ကာကွယ်ဆေးအား ကမ္ဘာပေါ်တွင်   အရေးပေါ်အသုံးပြုရန် ပထမဆုံး   အတည်ပြုပေးခဲ့သည့်နိုင်ငံ ဖြစ်ကြောင်း    Novavax   ကုမ္ပဏီက ပြောကြားသည်။  ကမ္ဘာပေါ်တွင် စတုတ္ထ မြောက် လူဦးရေအများဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ   အလုံအလောက် ဝယ်ယူရန်   ဆောင်ရွက်လျက်ရှိကြောင်း လည်း သိရသည်။


အင်ဒိုနီးရှားနိုင်ငံသည် နိုင်ငံလူဦးရေ ၏    ၇၀ ရာခိုင်နှုန်းကျော်  သို့မဟုတ် လူဦးရေ သန်း ၂၀၀ ကျော်အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးရန် ရည်ရွယ်လျက်ရှိပြီး  လက်ရှိတွင်   နိုင်ငံ လူဦးရေ၏    ၃၆ ရာခိုင်နှုန်းခန့်သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
ဂျပန်နိုင်ငံအစိုးရသည် အမေရိကန် ဇီဝနည်းပညာကုမ္ပဏီ   Novavax  က  ထုတ်လုပ် သည့် Novavax ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အလုံးရေ သန်း ၁၅၀ အထိဝယ်ယူရန် စာချုပ်ချုပ်ဆိုထား ကြောင်း သိရသည်။ 


ကိုးကား - အင်န်အိတ်ချ်ကေ
 ဘာသာပြန် - အလင်းသစ်