အင်ဒိုနီးရှားနိုင်ငံမြို့တော်တွင် ဈေးဝယ်သူများ ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်ပြသရန်လို

 

ဂျကာတာ   ဩဂုတ်   ၇


အင်ဒိုနီးရှားနိုင်ငံ    ဂျကာတာမြို့ရှိ   ဈေးဝယ်စင်တာများနှင့်  ဈေးများတွင်  ဈေးဝယ်သူများ  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးကြောင်း   လက်မှတ်ပြသရန်  လိုအပ်သည်ဟု  သိရသည်။ အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဂျကာတာတွင် ဗီဇပြောင်းဒယ်လ်တာကူးစက်မှု များပြားလာသည့်အတွက် ယခုလို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 
အင်ဒိုနီးရှားနိုင်ငံတွင် နေ့စဉ်ကူးစက်မှုနှုန်းမှာ ၃၀၀၀၀ မှ ၅၀၀၀၀ ကြားတွင် ရှိသည်။ နေ့စဉ် သေဆုံးမှုနှုန်းမှာ ၁၅၀၀ ရှိသည်။  ဂျကာတာအစိုးရ သည်  ဩဂုတ်  ၆  ရက်တွင်  ကိုဗစ်-၁၉  ကူးစက်မှု တိုက်ဖျက်ရေးအတွက် အရေးယူဆောင်ရွက်မှုများကို ကြေညာခဲ့သည်။ 
ဈေးဝယ်စင်တာကြီးများတွင် ဈေးဝယ်ထွက်ကြ မည့်သူများအနေဖြင့် အနည်းဆုံးတစ်ကြိမ် ကာကွယ် ဆေး ထိုးပြီးကြောင်း အသိအမှတ်ပြု လက်မှတ်ပြသရ မည်ဖြစ်သည်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် ပြည်သူ့သယ်ယူပို့ဆောင်ရေးတို့တွင် လုပ်ကိုင်နေကြ သည့် လုပ်သားများအနေဖြင့် အစီရင်ခံစာတင်ပြီး သည့်နောက် ကာကွယ်ဆေးအသိအမှတ်ပြုလက်မှတ် ရရှိမည်ဖြစ်သည်။ 
ပြည်နယ်အစိုးရအဖွဲ့သည်  ကာကွယ်ဆေးထိုး ခြင်းလုပ်ငန်းများကို အရှိန်မြှင့်တင်နိုင်ရေးအတွက် လုပ်ဆောင်လျက်ရှိသည်။ 
သို့သော်လည်း ဂျကာတာဒေသခံ ၄၅ ရာခိုင်နှုန်း သာ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကျော့ ထိုးနှံ ရသေးသည်။                          

  အင်န်အိတ်ချ်ကေ