အင်ဒိုနီးရှားနိုင်ငံ၌ ၁၁၄၂ ဦး ရောဂါထပ်မံကူးစက်ခံရ

ဂျကာတာ  အောက်တိုဘာ  ၃


အင်ဒိုနီးရှားနိုင်ငံ၌ လွန်ခဲ့သော  ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၁၄၂ ဦး  ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ရာ နိုင်ငံအတွင်း၌ ဗိုင်းရပ်စ်ကူးစက် ခံရသူပေါင်း ၄၂၁၉၂၈၄ ဦးရှိလာကြောင်း အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန် သည်။ 


အလားတူ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ၅၈ ဦး ထပ်မံသေဆုံးခဲ့ရာ အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၁၄၂၁၇၃ ဦး ရှိလာပြီဖြစ်သည်။ 


သို့သော် လွန်ခဲ့သော ၂၄ နာရီအတွင်း ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ ၂၀၂၀ ဆေးရုံများမှ ဆင်းသွားခဲ့ရာ ဆေးရုံများမှ ပြန်လည်ဆင်းသွား ခဲ့သူပေါင်း ၄၀၄၄၂၃၅ ဦး ရှိလာသည်။


လက်ရှိအချိန်အထိ   ကာကွယ်ဆေးနှစ်ကြိမ်  ထိုးနှံမှုခံယူပြီးသူ ၅၂ ဒသမ ၆၇ သန်းရှိပြီး ကာကွယ် ဆေးတစ်ကြိမ်ထိုးနှံမှုခံယူပြီးသူ  ၉၃ ဒသမ ၇၈ သန်း ရှိသည်။ 
လူဦးရေ သန်း ၂၇၀ ရှိသည့်အနက် ပြည်သူ ၂၀၈ ဒသမ ၂၆ သန်းအား ကာကွယ်ဆေးထိုးနှံပေးရန် အင်ဒိုနီးရှားအစိုးရက ရည်ရွယ်ထားသည်။


ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်