အင်ဒိုနီးရှားနိုင်ငံ၌ ၃၈၆၇၉ ဦး ရောဂါထပ်မံကူးစက်ခံရ

ဂျကာတာ   ဇူလိုင်   ၂၅ 

 


အင်ဒိုနီးရှားနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၈၆၇၉ ဦး ထပ်မံ  စစ်ဆေးတွေ့ရှိခဲ့ရာ နိုင်ငံအတွင်း၌ ဗိုင်းရပ်စ်ကူးစက် ခံရသူပေါင်း  ၃၁၂၇၈၂၆  ဦး ရှိလာပြီဖြစ်ကြောင်း အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးဌာနက   ယနေ့ သတင်းထုတ်ပြန်သည်။ 


အလားတူ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်- ၁၉ ရောဂါကူးစက်မှုကြောင့် ၁၂၆၆ ဦး ထပ်မံ သေဆုံး ခဲ့ရာ အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၈၃၂၇၉  ဦး ရှိလာပြီဖြစ်သည်။ 


သို့သော် လွန်ခဲ့သော ၂၄ နာရီအတွင်း ၃၇၆၄၀ ဦး    ရောဂါမှပြန်လည်ကျန်းမာလာသည့်အတွက်  ဆေးရုံများမှ ပြန်လည်ဆင်းသွားခဲ့ရာ ကျန်းမာရေး အခြေအနေ      ပြန်လည်ကောင်းမွန်လာသူပေါင်း  ၂၅၀၉၃၁၈ ဦးရှိလာသည်။


နိုင်ငံအတွင်းရှိ ပြည်နယ် ၃၄ ခုသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့လျက်ရှိပြီး အချို့ဒေသများတွင် ဒယ်လ်တာဗီဇပြောင်းဗိုင်းရပ်စ်     ကူးစက်မှုများ မြင့်တက်လျက်ရှိကြောင်း သိရသည်။ 


လက်ရှိအချိန်အထိ နိုင်ငံတစ်ဝန်းသို့ ကာကွယ် ဆေးအလုံးရေ ၆၁ ဒသမ ၆ သန်း ဖြန့်ဖြူးပေးထား ပြီးဖြစ်သည်။ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီး သူ ၁၇ ဒသမ ၅ သန်းရှိကြောင်း သိရသည်။ 


ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အောင်ကျော်ကျော်