အင်ဒိုနီးရှားနိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ဂျကာတာ  ဒီဇင်ဘာ  ၂


အင်ဒိုနီးရှားနိုင်ငံအတွင်းသို့     အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ပျံ့နှံ့လာခြင်းမှ      တားဆီးနိုင်ရန်အတွက် 
နိုင်ငံအတွင်းရှိ နယ်စပ်ဒေသများတွင် အဝင်၊ အထွက် ကန့်သတ်ခြင်း၊   ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သီးခြား စောင့်ကြည့်ရေးအချိန်ကာလကို ၁၀ ရက်အထိ တိုးမြှင့်သတ်မှတ်ခြင်းနှင့်    အသွားအလာကန့်သတ် မှုများချမှတ်ခြင်းစသည့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း အင်ဒိုနီးရှား တာဝန်ရှိသူများက ပြောကြားသည်။ 


အင်ဒိုနီးရှားနိုင်ငံမှ     တာဝန်ရှိသူများသည် လက်ရှိအချိန်တွင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်နှင့် ပတ်သက်သည့် အချက်အလက်များကို အသေးစိတ် သိရှိနိုင်ရန်    ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း အင်ဒိုနီးရှားနိုင်ငံမှ  ပင်လယ်ရေကြောင်းနှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ    ညှိနှိုင်းဆောင်ရွက်ရေးဝန်ကြီး လူဟက်ပန်ဂျေဒန်က ပြောကြားသည်။    လက်ရှိ အချိန်တွင် တောင်အာဖရိက၊ ဘော့စ်ဝမ်နာ၊ နမီးဘီးယားနှင့်နိုင်ဂျီးရီးယားအပါအဝင် အာဖရိကဒေသ ၁၁ နိုင်ငံမှ ခရီးသည်များအား   အင်ဒိုနီးရှားနိုင်ငံ အတွင်းသို့  ဝင်ရောက်ခွင့် ပိတ်ပင်ထားကြောင်း သိရ သည်။ ထို့ပြင် နိုင်ငံအတွင်း  ခရီးသွားလာခြင်းများကို လျှော့ချရန် ညွှန်ကြားထားကြောင်း သိရသည်။ 


ယခုကမ္ဘာပေါ်တွင်တွေ့ရှိရသော    အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်သည်    ကမ္ဘာ့စီးပွားရေး   ပြန်လည် ဦးမော့လာစေရေးအတွက်     အတားအဆီးတစ်ခု
ဖြစ်နေပြီး လက်ရှိအချိန်တွင် ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ချက်များကို   ကမ္ဘာ့နိုင်ငံ ၅၀ ကျော်က ထုတ်ပြန်ထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားသည်။ 


 ကိုးကား-စီအင်န်အေ 
ဘာသာပြန်-စိုးသူရ