
ဂျကာတာ နိုဝင်ဘာ ၅
အင်ဒိုနီးရှားနိုင်ငံ၌ နိုဝင်ဘာ ၅ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၅၁၈ ဦးရှိကြောင်း အတည် ပြုဖော်ပြမှုနှင့်အတူ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူပေါင်း ၄၂၄၇၃၂၀ အထိ ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက် သည်။
ထို့အတူကိုဗစ်-၁၉ ကြောင့် ၁၉ ဦး ထပ်မံသေဆုံး မှုနှင့်အတူ စုစုပေါင်းကိုဗစ်-၁၉ သေဆုံးသူ ၁၄၃၅၁၉ ဦးအထိ ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုမှ ပြန်လည်ကောင်းမွန်လာပြီး ဆေးရုံမှ ဆင်းလာသူ ၆၄၈ ဦးရှိလာသောကြောင့် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကောင်းမွန် လာသူ ၄၀၉၂၅၈၆ ဦးအထိ ရှိလာသည်။
တရုတ်ကိုဗစ်-၁၉ ကာကွယ်ဆေး ဆီနိုဗက်ကို အရေးပေါ်အသုံးပြုရန် သက်ဆိုင်ရာအာဏာပိုင် များက အတည်ပြုလိုက်ချိန်မှစကာ အင်ဒိုနီးရှားနိုင်ငံ တွင် အစုလိုက်အပြုံလိုက် ကာကွယ်ဆေးထိုးနှံမှုကို ဇန်နဝါရီ ၁၃ ရက်တွင် စတင်ခဲ့သည်။
ယနေ့အချိန်အထိ လူပေါင်းအနည်းဆုံး ၇၇ ဒသမ ၆၈ သန်း ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးပြီဖြစ်ကြောင်းသိရကာ ကိုဗစ်-၁၉ ကာကွယ် ဆေးတစ်ကြိမ်ထိုးနှံပြီးသူပေါင်း ၁၂၃ ဒသမ ၈၂ သန်း ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ကြေညာလိုက်သည်။
အစိုးရသည် ပြည်သူ ၂၀၈ ဒသမ ၂၆ သန်းကို ကာကွယ်ဆေးထိုးပေးနိုင်ရန် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိသည်။
ဆင်ဟွာ