
ဂျကာတာ အောက်တိုဘာ ၁၈
အင်ဒိုနီးရှားနိုင်ငံတွင် အောက်တို ဘာ ၁၈ ရက်က ကိုဗစ်-၁၉ ထပ်မံ ကူးစက်သူ တစ်နေ့တည်း ၆၂၆ဦး တိုးလာမှုနှင့်အတူ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်သူပေါင်း ၄၂၃၅၃၈၄ ဦးအထိ ရှိလာသည်။
ထို့အတူ ကိုဗစ်-၁၉ ကြောင့် ၄၇ ဦး ထပ်မံသေဆုံးမှုနှင့်အတူ စုစုပေါင်းကိုဗစ်-၁၉ သေဆုံးသူ ၁၄၂၉၉၉ ဦးအထိ ရှိလာကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ဖော်ပြသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကောင်းမွန်လာပြီး ဆေး ရုံမှဆင်းလာသူ ၁၅၉၃ ဦးရှိလာ သောကြောင့် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည် ကောင်းမွန်လာသူ ၄၀၇၅၀၁၁ ဦး အထိ ရောက်ရှိလာသည်။
ယနေ့အချိန်အထိ လူပေါင်း အနည်းဆုံး ၆၃ ဒသမ ၁၈ သန်း ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးပြီဖြစ်ကြောင်း သိရပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံပြီးသူပေါင်း ၁၀၇ ဒသမ ၉၈ သန်းရှိကြောင်းနှင့် တတိယအကြိမ် အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံ ပြီးသူပေါင်း ၁ ဒသမ ၀၇ သန်း ရှိကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ကြေညာ လိုက်သည်။
အစိုးရသည် ပြည်သူ ၂၀၈ ဒသမ ၂၆ သန်းကို ကာကွယ်ဆေး ထိုးပေးနိုင်ရန် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိသည်။
ဆင်ဟွာ