အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူပေါင်း ၈၈ ဒသမ ၅၃ သန်းရှိလာ 


 

ဂျကာတာ စက်တင်ဘာ ၂၈ 


အင်ဒိုနီးရှားနိုင်ငံတွင် စက်တင် ဘာ  ၂၈  ရက်က ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ   ၂၀၅၇  ဦး တိုးလာမှုနှင့်အတူ  နိုင်ငံအတွင်း ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားသူ ပေါင်း   ၄၂၁၁၄၆၀  အထိ ရှိလာ ခဲ့သည်။ 
ထို့အတူ ကိုဗစ်-၁၉ ကြောင့် ၁၂၄ ဦး ထပ်မံသေဆုံးမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ သေဆုံးသူ ၁၄၁၇၀၉ ဦးအထိ ရောက်ရှိလာ ခဲ့ကြောင်း   ကျန်းမာရေးဝန်ကြီး ဌာနက ဖော်ပြသည်။ 
လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉     ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်       ကောင်းမွန်လာပြီး ဆေးရုံမှဆင်းလာသူ  ၃၅၅၁  ဦး ရှိလာသောကြောင့်   စုစုပေါင်း ကိုဗစ်-၁၉    ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်    ကောင်းမွန်လာသူ ၄၀၃၁၀၉၉  ဦးအထိ ရောက်ရှိ လာသည်။ 
ယနေ့အချိန်အထိ  လူပေါင်း အနည်းဆုံး ၄၉ ဒသမ ၆၅ သန်း ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးပြီဖြစ်ကြောင်း  သိရပြီး ကိုဗစ်-၁၉       ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံပြီးသူပေါင်း ၈၈ ဒသမ   ၅၃   သန်းရှိကြောင်း ကျန်းမာရေး   ဝန်ကြီးဌာနက သတင်းထုတ်ပြန်ကြေညာလိုက် သည်။ 
လူဦးရေ သန်း ၂၇၀ ကျော် ရှိသော     အင်ဒိုနီးရှားနိုင်ငံတွင် အစိုးရသည် ပြည်သူ ၂၀၈ ဒသမ ၂၆  သန်းကို  ကာကွယ်ဆေးထိုး ပေးနိုင်ရန် မျှော်မှန်းချက်ထားဆောင်ရွက်လျက်ရှိသည်။ 
ဆင်ဟွာ