
ဂျကာတာ နိုဝင်ဘာ ၂၅
အင်ဒိုနီးရှားနိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၇၂ ဦး ထပ်မံတွေ့ရှိသဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၄၂၅၄၈၁၅ ဦး ရှိလာကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။
ထို့ပြင် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူပေါင်း ၁၄၃၇၈၂ ဦးရှိလာပြီး ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာ သူပေါင်း ၄၁၀၂၉၉၃ ဦး ရှိလာကြောင်း သိရသည်။ တရုတ်နိုင်ငံ၏ ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်သည့် Sinovac Biotechမှ ထုတ်လုပ်သော CoronaVac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား နိုင်ငံအတွင်း အသုံးပြုရန် တာဝန်ရှိသူများက ခွင့်ပြုခဲ့ပြီးနောက် ဇန်နဝါရီ ၁၃ရက်မှ စတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည်။
နိုင်ငံအတွင်း လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးစီးသူ ၁၃၆ ဒသမ ၇၁ သန်းကျော်ရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးစီးသူ ၉၂ ဒသမ ၂၇ သန်း ကျော်ရှိကာ လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေပေါင်း ၂၃၀ ဒသမ ၂၀ သန်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ