အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ထပ်မံကူးစက်သူ  ၇၂၀၁ ဦးရှိလာပြီး ၆၈၃ ဦး ထပ်မံသေဆုံး

 

 

ဂျကာတာ စက်တင်ဘာ ၇  


အင်ဒိုနီးရှားနိုင်ငံတွင် စက်တင်ဘာ ၇ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက် သူ ၇၂၀၁ ဦးရှိလာမှုနှင့်အတူ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်သူပေါင်း ၄၁၄၀၆၃၄ ဦးအထိ ရှိလာခဲ့သည်။ 
ထို့အတူ ကိုဗစ်-၁၉ ကြောင့် ၆၈၃ ဦး ထပ်မံသေဆုံးမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁၃၇၁၅၆ ဦးအထိ ရှိလာ ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြသည်။ 
စက်တင်ဘာ ၇ ရက်အထိ လူပေါင်းအနည်းဆုံး ၃၉ ဒသမ ၁၆ သန်း  ကိုဗစ်- ၁၉ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးပြီဖြစ်ကြောင်း၊ ကိုဗစ်- ၁၉ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသူပေါင်း ၆၈ ဒသမ ၂၀ သန်းရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ကြေညာ လိုက်သည်။ 
အင်ဒိုနီးရှားအစိုးရသည်  အမျိုးသားကာကွယ်ဆေးထိုး လိုအပ် ချက်ကို ပြည့်မီရန် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ပိုမိုရရှိနိုင်ရေး ဆက်လက်ကြိုးစားဆောင်ရွက်လျက်ရှိသည်။  အစိုးရသည်  ပြည်သူ ၂၀၈ ဒသမ ၂၆ သန်းကို ကာကွယ်ဆေးထိုးပေးနိုင်ရန် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိသည်။                                        ဆင်ဟွာ