အင်ဒိုနီးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူ ၅၃ ဒသမ ၆၅ သန်းရှိလာ

 

 

ဂျကာတာ  အောက်တိုဘာ  ၅  


အင်ဒိုနီးရှားနိုင်ငံတွင်  အောက် တိုဘာ  ၅  ရက်က   ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၁၄၀၄ဦး တိုးလာမှုနှင့်အတူ  နိုင်ငံအတွင်း ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားသူ ပေါင်း ၄၂၂၁၆၁၀ အထိ ရှိလာခဲ့ သည်။ 
ယင်းကာလအတွင်း ကိုဗစ်-၁၉ ကြောင့် ၇၇ ဦး  ထပ်မံသေဆုံးမှု နှင့်အတူ   စုစုပေါင်း  ကိုဗစ်-၁၉ သေဆုံးသူ    ၁၄၂၃၃၈  ဦးအထိ ရှိလာခဲ့ကြောင်း   ကျန်းမာရေး ဝန်ကြီးဌာနကဖော်ပြသည်။ 
လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားမှုမှ    ပြန်လည်ကောင်းမွန်လာပြီး ဆေးရုံ မှ ဆင်းလာသူ ၂၅၅၈ ဦး ရှိလာ သောကြောင့်   စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ   ပြန်လည် ကောင်းမွန်လာသူ ၄၀၄၉၄၄၉  ဦး အထိ ရှိလာသည်။ 
ယနေ့အချိန်အထိ    လူပေါင်း အနည်းဆုံး ၅၃ ဒသမ ၆၅ သန်း ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးပြီဖြစ်ကြောင်း     သိရပြီး ကိုဗစ်-၁၉       ကာကွယ်ဆေး တစ်ကြိမ်  ထိုးနှံပြီးသူပေါင်း  ၉၄ ဒသမ ၉၃ သန်းရှိကြောင်းကျန်းမာ ရေး  ဝန်ကြီးဌာနက      သတင်း ထုတ်ပြန် ကြေညာလိုက်သည်။ 
အင်ဒိုနီးရှားအစိုးရ   သည် ပြည်သူ    ၂၀၈  ဒသမ  ၂၆  သန်း ကို ကာကွယ်ဆေးထိုးပေးနိုင်ရန် ရည်မှန်းချက်ထား   ဆောင်ရွက် လျက်ရှိသည်။               ဆင်ဟွာ