အင်ဒိုနီးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ ၉၉ ဒသမ ၂၂ သန်းရှိလာ

 

ဂျကာတာ ဒီဇင်ဘာ ၆   
အင်ဒိုနီးရှားနိုင်ငံတွင် ဒီဇင်ဘာ ၆ ရက်က ကိုဗစ်-၁၉   ထပ်မံ  ကူးစက်ဖြစ်ပွားသူ ၁၃၀တိုးလာမှုနှင့်အတူ   နိုင်ငံအတွင်း  ကိုဗစ်-၁၉  ကူးစက် ဖြစ်ပွားသူပေါင်း ၄၂၅၇၈၁၅ ဦး အထိရှိလာခဲ့သည်။ 
ထို့အတူ ကိုဗစ်-၁၉ ကြောင့် ကိုးဦး   ထပ်မံသေဆုံးမှုနှင့်အတူ     စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁၄၃၈၇၆ ဦးအထိ    ရှိလာခဲ့ကြောင်း       ကျန်းမာရေး ဝန်ကြီးဌာနက ဖော်ပြသည်။ 
လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားမှုမှ      ပြန်လည်   ကောင်းမွန်လာပြီး ဆေးရုံမှဆင်းလာသူ    ၂၀၀၅ ဦး ရှိလာသောကြောင့်     စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ   ပြန်လည်   ကောင်းမွန်လာသူ ၄၁၀၈၂၉၇  ဦးအထိ  ရှိလာသည်။
သက်ဆိုင်ရာ    အာဏာပိုင်များက   တရုတ်ဆိုနီဗက်   ကိုဗစ်-၁၉ ကာကွယ် ဆေးကို အရေးပေါ်   အသုံးပြုခွင့်ပေးလိုက် ပြီးနောက်  အင်ဒိုနီးရှားနိုင်ငံတွင် ဇန်နဝါရီ ၁၃ ရက်မှစကာ ကိုဗစ်-၁၉ ကာကွယ်ဆေး အစုလိုက်  စတင်ထိုးနှံခဲ့သည်။  
ယနေ့အချိန်အထိ         လူပေါင်း အနည်းဆုံး ၉၉ ဒသမ ၂၂ သန်း ကိုဗစ်-၁၉ ကာကွယ်ဆေး   နှစ်ကြိမ်ထိုးနှံပြီးပြီဖြစ် ကြောင်းသိရပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးသူပေါင်း  ၁၄၂ ဒသမ   ၇၀ သန်းရှိကြောင်း  ကျန်းမာရေးဝန်ကြီး ဌာနက  သတင်းထုတ်ပြန်ကြေညာလိုက် သည်။
အင်ဒိုနီးရှားနိုင်ငံတွင်   ယခုအချိန် အထိ အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံခြင်းများ အပါအဝင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူ ၂၄၃ ဒသမ ၁၇ သန်းရှိလာပြီဖြစ်သည်။  
အစိုးရသည် ပြည်သူ ၂၀၈ ဒသမ ၂၆ သန်းကို    ကာကွယ်ဆေးထိုးပေးနိုင်ရန် ရည်မှန်းချက်ထား   ဆောင်ရွက်လျက်ရှိ သည်။   
                                  ဆင်ဟွာ