
ဂျကာတာ စက်တင်ဘာ ၂၀
အင်ဒိုနီးရှားနိုင်ငံတွင် စက်တင် ဘာ ၂၀ ရက်က ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ တစ်နေ့တည်း ၁၉၃၂ ဦး တိုးလာမှုနှင့်အတူ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူပေါင်း ၄၁၉၂၆၉၅ ဦး အထိ ရှိလာခဲ့သည်။
ထို့အတူ ကိုဗစ်-၁၉ ကြောင့် ၁၆၆ ဦး ထပ်မံသေဆုံးမှုနှင့်အတူ စုစုပေါင်းကိုဗစ်-၁၉ သေဆုံးသူ ၁၄၀၆၃၄ ဦးအထိ ရှိလာခဲ့ ကြောင်း ကျန်းမာရေးဝန်ကြီးဌာန က ဖော်ပြသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည် ကောင်းမွန်လာပြီး ဆေးရုံမှဆင်းလာသူ ၆၇၉၉ ဦး ရှိလာသောကြောင့် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည် ကောင်းမွန်လာသူ ၃၉၉၆၁၂၅ ဦးအထိ ရှိလာသည်။
ယနေ့အချိန်အထိ လူပေါင်း အနည်းဆုံး ၄၅ ဒသမ ၂၂ သန်း ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးပြီဖြစ်ကြောင်း သိရပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံပြီးသူပေါင်း ၇၉ ဒသမ ၆၅ သန်း ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ကြေညာလိုက် သည်။
အစိုးရသည် ပြည်သူ ၂၀၈ ဒသမ ၂၆ သန်းကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိသည်။
ဆင်ဟွာ