
ဂျကာတာ ဇူလိုင် ၅
အင်ဒိုနီးရှားနိုင်ငံတွင် ဇူလိုင် ၄ ရက်က ကိုဗစ် - ၁၉ ကြောင့် သေဆုံးသူ ၅၅၅ ဦးရှိခဲ့ပြီး တိုင်းပြည်၏ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ နောက်ထပ်လူနာသစ်များနှင့် ဝန်ပိလျက်ရှိသည်။
ဇူလိုင် ၄ ရက်တွင် နောက်ထပ်ကူးစက်ခံရသူအရေအတွက်မှာ ၂၇၂၃၃ ဦးရှိသည်ဟု အင်ဒိုနီးရှားကျန်းမာရေးအာဏာပိုင်များက ပြော သည်။ ယင်းကဲ့သို့ ကူးစက်မှုများပြားလာရခြင်းမှာ အိန္ဒိယတွင် ပထမ ဆုံးတွေ့ရှိရသည့် ဗီဇပြောင်း ဒယ်လ်တာကူးစက်မှုကြောင့် တစ်စိတ် တစ်ပိုင်းပါဝင်သည်ဟုလည်း သိရသည်။
မြို့တော်ဂျကာတာမှာ ကူးစက်မှုဒဏ်ကို အဆိုးရွားဆုံးခံစားနေရ သည်။ အပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်းကြီးကလည်း အင်ဒို နီးရှားနိုင်ငံသည် ဒယ်လ်တာကြောင့် ဆိုးရွားသည့် ကပ်ဘေးထဲ ကျလုနီးနီးရှိလာသည်ဟု ပြောကြားခဲ့သည်။
ဂျာဗားကျွန်းအလယ်ပိုင်းတွင်ဆေးရုံတက် ကိုဗစ် -၁၉ လူနာ ၆၃ ဦး ဇူလိုင် ၄ ရက်က သေဆုံးခဲ့ပြီး အောက်ဆီဂျင်ပြတ်တောက်မှု ကြောင့် စိုးရိမ်ရသည့်အခြေအနေဖြစ်ပေါ်လာနိုင်သည်ဟုဆိုကာ အဆိုပါ ဆေးရုံက အင်ဒိုနီးရှားအစိုးရထံ အကူအညီတောင်းခံခဲ့သည်။ ဆေးဘက်သုံးအောက်ဆီဂျင်လိုအပ်ချက်မှာ တစ်နိုင်ငံလုံးအနှံ့ ငါးဆ မြင့်မားလာသည်ဟု အင်ဒိုနီးရှားအစိုးရအရာရှိများက ပြောသည်။
အောက်ဆီဂျင်လိုအပ်မှုကို ဖြည့်ဆည်းပေးနိုင်ရေးအတွက်စက်ရုံ များမှ ဆေးဘက်သုံးအောက်ဆီဂျင်ကို ဦးစားပေးထုတ်လုပ်ပေးကြရန် လည်း အစိုးရအရာရှိများက တောင်းဆိုထားသည်။ အင်ဒိုနီးရှားနိုင်ငံတွင် လည်ပတ်နေသည့် ဂျပန်ကုမ္ပဏီများမှ ဝန်ထမ်းများကိုလည်း နေရပ်သို့ ပြန်နိုင်ရေးဆောင်ရွက်ပေးနေပြီဟု သိရသည်။ အင်န်အိတ်ချ်ကေ