
လင်းဟန်သစ်
အင်္ဂလန်နိုင်ငံမှာတော့ ဇူလိုင် ၁၉ ရက်မှာ ကိုဗစ် - ၁၉ ကန့်သတ်ချက်နောက်ဆုံးအဆင့်ကို ဖယ်ရှားပေးတော့မှာ ဖြစ်ပါတယ်။ ဒါကဘာကိုဆိုလိုသလဲဆိုရင် လူမှုထိတွေ့ဆက်ဆံမှုတွေအပေါ် ချမှတ်ထားတဲ့ တရားဝင် ကိုဗစ်-၁၉ ကန့်သတ်ချက်တွေအားလုံးကို ဖယ်ရှားပေးတော့မယ်ဆိုတဲ့ သဘောပဲဖြစ်ပါတယ်။
သတိနဲ့ဆက်လက်နေထိုင်သွားကြ
သို့သော်လည်း ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့ဖြစ်ပွားမှု မပြီးဆုံးသေးတဲ့ အတွက် ကိုဗစ်-၁၉ ကာလမှာ သတိနဲ့ ဆက်လက် နေထိုင်ဖို့အတွက် အရေးကြီးတယ်ဆိုပြီးတော့ သတိ ပေးထားပါတယ်။
သြဂုတ်လမတိုင်မီ လက်ရှိ ကိုဗစ်-၁၉ လှိုင်းဂယက် အမြင့်ဆုံးအထိရောက်ဦးမှာမဟုတ်သေးကြောင်းနဲ့ အဲဒီအချိန်ရောက်ရင် တစ်နေ့ကို လူ ၁၀၀၀ နဲ့ ၂၀၀၀ အကြား ဆေးရုံတင်ရနိုင်ကြောင်း အစိုးရသိပ္ပံပညာရှင်တွေက ခန့်မှန်းထားပါတယ်။
ဒါတင်မကသေးပါဘူး။ မသေချာမှုတွေ များနေ သော်လည်း ကိုဗစ်-၁၉ လက်ရှိလှိုင်းဂယက်အမြင့် ဆုံးအချိန်မှာ တစ်နေ့ကို လူ ၁၀၀ နဲ့ ၂၀၀ အကြား သေဆုံးနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။
ခုခံကာကွယ်မှု အုတ်တံတိုင်းကြီးကို ဖန်တီး
ကာကွယ်ဆေးထိုးခြင်းဟာ ခုခံကာကွယ်မှု အုတ်တံတိုင်းကြီးကို ဖန်တီးပေးမှာဖြစ်ကြောင်း ဆိုလိုတာကတော့ မိမိတို့တွေဟာ နွေရာသီ ကိုဗစ်-၁၉ လှိုင်းဂယက်ကို ခုခံတွန်းလှန်နိုင်မှာ ဖြစ်ကြောင်း ဆာဂျစ်ဂျာဗစ်က ပြောလိုက်ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဒေါင်းနင်းလမ်းသတင်းစာရှင်းလင်းပွဲမှာ ကိုဗစ်-၁၉ ကပ်ရောဂါဟာ သင်နဲ့ သင့်မိသားစုအတွက် အန္တရာယ်ဆက်လက်ပေးနိုင်တယ်လို့ ပြောကြား ထားပါတယ်။
ဇူလိုင် ၁၉ ရက်ဟာ ကိုဗစ်-၁၉ မဖြစ်ခင်ကလို ပုံမှန်အခြေအနေကို ချက်ချင်းပြန်ရောက်သွား တာမဟုတ်သေးကြောင်း ဘောရစ်ဂျွန်ဆင်က ဆက်လက်ပြောကြားလိုက်ပါတယ်။
သတိနဲ့ချဉ်းကပ်ကိုင်တွယ်သွားမယ်
ဝန်ကြီးချုပ်က ကိုဗစ်-၁၉ လမ်းပြမြေပုံကို ချပြ လိုက်ခြင်းဖြင့် နဂိုအတိုင်း ပြန်ကောင်းလာမယ်လို့ မမျှော်လင့်နိုင်သေးသော်လည်း လမ်းပြမြေပုံမရှိ လို့လည်း မရပြန်ဘူး။ ပြီးတော့လည်း သတိနဲ့ ချဉ်းကပ်ကိုင်တွယ်သွားရမယ်လို့ ပြောပါတယ်။
ကန့်သတ်ပိတ်ဆို့မှုတွေ အကုန်ဖယ်ရှားပေး သွားမှာဖြစ်သော်လည်း တချို့လမ်းညွှန်ချက်တွေကို တော့ ဆက်လက်ထားသွားမှာဖြစ်ပါတယ်။ တချို့ အလုံပိတ်နေရာတွေမှာ ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ဖို့ ဥပဒေအရလိုအပ်ချက်တွေကို ဖယ်ရှား ပေးသွားမှာဖြစ်သော်လည်း လူထူထပ်တဲ့ မိုးလုံ လေလုံနေရာတွေမှာတော့ ပါးစပ်၊ နှာခေါင်းစည်းကို ဆက်လက် တပ်ဆင်ထားရမှာဖြစ်ပါတယ်။
နိုက်ကလပ်တွေကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုသွားမယ်
နိုက်ကလပ်တွေကို ၂၀၂၀ ပြည့်နှစ် မတ်လမှ စကာ ပိတ်ထားခဲ့ရာမှ ယခုပထမဆုံးအကြိမ်အဖြစ် ပြန်လည်ဖွင့်လှစ်ခွင့် ပြုသွားမှာဖြစ်ပြီး လူဦးရေ ကန့်သတ်ချက်တွေကိုလည်း ပွဲလမ်းသဘင်အားလုံး နဲ့ ခန်းမတွေအားလုံးအတွက် ဖယ်ရှားပေးသွားမှာ ဖြစ်ပါတယ်။
လူဦးရေ ဘယ်ရွေ့ဘယ်လောက် ကန့်သတ်ချက် ကို ဆက်လက်ထားရှိတော့မှာမဟုတ်ဘဲ ဖယ်ရှား ပေးသွားမှာဖြစ်ပြီး တစ်မီတာ သုံးပေကျော် ခပ်ခွာခွာနေရမယ့် စည်းမျဉ်းများကိုလည်း ဖယ်ရှား ပေးသွားမှာဖြစ်ပါတယ်။
သို့သော်လည်း လူအုံနဲ့ကျင်းနဲ့ရှိတဲ့ နိုက်ကလပ် များနဲ့ တခြားအဆောက်အအုံများကို ကိုဗစ်-၁၉ အသိအမှတ်ပြုအချက်အလက်များ (ပြည်တွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထောက်ခံချက်များ) အသုံးပြုဖို့ တိုက်တွန်းထားတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
အမျိုးသားကျန်းမာရေးဝန်ဆောင်မှု အက်ပလီ ကေးရှင်းကိုသုံး
ကိုဗစ်-၁၉ အသိအမှတ်ပြု အချက်အလက်များ အရ အမျိုးသားကျန်းမာရေးဝန်ဆောင်မှု အက်ပလီကေးရှင်းကို သုံးကာ ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးကြောင်းပြသရမည်ဖြစ်သလို ကိုဗစ်-၁၉ ကင်းစင်ကြောင်း စစ်ဆေးထားသည့် ရလဒ်ရှိရမည်ဖြစ်ကြောင်း သို့မဟုတ်ပါက ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကောင်းမွန်လာပြီးနောက် သဘာဝ အလျောက် ခုခံအားကောင်းမွန်ရမည်ဖြစ်ကြောင်း သိရသည်။
သတင်းစာရှင်းလင်းပွဲပြီးနောက် ထုတ်ပြန်လိုက် တဲ့ လမ်းညွှန်ချက်မှာ အစိုးရအနေနဲ့ လမ်းညွှန်ချက် များကို ဆက်လက် ထိန်းသိမ်းသွားမှာဖြစ်ကြောင်း ပြောကြားထားပြီး အိမ်ကအလုပ်လုပ်တဲ့ လမ်းညွှန် ချက်ကိုလည်း ဖယ်ရှားပေးသွားမှာဖြစ်သော်လည်း ဝန်ကြီးတွေကတော့ အလုပ်ကို တဖြည်းဖြည်းပြန် ဆင်းရမှာဖြစ်ပါတယ်။
သီးသန့်ခွဲခြားနေထိုင်ဖို့ လိုအပ်
ကိုဗစ်-၁၉ ကူးစက်ခံရကြောင်း အတည်ပြုထား တဲ့ လူတွေအနေနဲ့ မိမိကိုယ်မိမိ သီးသန့်ခွဲခြားနေထိုင် ဖို့ လိုအပ်ကြောင်းနဲ့ အသက် ၁၈ နှစ်အောက်များနဲ့ ကိုဗစ်-၁၉ အပြည့်အဝ ထိုးထားသူတွေအတွက် ကိုဗစ်-၁၉ ကန့်သတ်ချက်များကို ဖြေလျှော့ပေးသွား မှာဖြစ်ပါတယ်။
လူတွေဘယ်လိုမျိုး ပြုမူသလဲဆိုတဲ့အပေါ်မူတည်
သို့သော်လည်း ကန့်သတ်ပိတ်ဆို့မှုမရှိတော့တဲ့ အခါမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေဟာ မြင့်တက်မြဲဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဝင်စား စရာကောင်းတဲ့မေးခွန်းတစ်ခုကတော့ ဘယ်အချိန်၊ ဘယ်အခြေအနေမှာ ကိုဗစ်လှိုင်း အမြင့်ဆုံးဖြစ်လာမလဲဆိုတာပဲဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး မသေချာမှုတွေကတော့ ရှိနေ စမြဲပါ။ ကိစ္စသေးသေးလေးက အပြောင်းအလဲကြီးဖြစ်စေနိုင်ပါတယ်။ ဒါကတော့ လူတွေ ဘယ်လိုမျိုး ပြုမူသလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။
အခုလိုမျိုးဆုံးဖြတ်လိုက်တာကတော့ လောင်း ကစားတစ်ခုလိုပါပဲ။ ဒါပေမယ့်လည်း သေချာတွက် ချက်ရမှာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကန့်သတ်ချက်ကို ဖြည်းညင်းစွာဖြေလျှော့ပေးလေလေ၊ ပြည်သူတွေ အနေနဲ့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ပိုနည်းလေ လေ၊ ကိုဗစ်-၁၉ လှိုင်းအမြင့်ဆုံးကို ရောက်ဖို့နည်း လေလေ၊ ဆေးရုံတင်ရတဲ့လူနည်းလေလေ၊ သေဆုံး သူနည်းလေလေဖြစ်ပါတယ်။ ။
ကိုးကား - ဆင်ဟွာ၊ ဘီဘီစီ