
လန်ဒန် စက်တင်ဘာ ၁၄
အင်္ဂလန်နိုင်ငံသည် အသက် ၁၂ နှစ်မှ ၁၅ နှစ်အရွယ် ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးတော့မည်ဖြစ်ကြောင်း ယနေ့သတင်းများအရ သိရသည်။
ပညာရေးအနှောင့်အယှက်ဖြစ်ခြင်း ကို လျှော့ချနိုင်ရန်နှင့် ဆောင်းရာသီ ကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့ခြင်းမှ ကြိုတင်ကာကွယ်ရန် အတွက် အသက် ၁၂ နှစ်မှ ၁၅ နှစ်အရွယ် ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ် ထိုးပေးသင့် ကြောင်း ဗြိတိန်ဆေးဘက်ဆိုင်ရာအကြီးအကဲများက ယမန်နေ့တွင် ပြောကြား သည်။
အဆိုပါ အသက်အရွယ်ရှိသည့် ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးသင့်ကြောင်းနှင့် စပ်လျဉ်းသည့် အကြံပြုချက်ကိုလည်း ဗြိတိန်ကျန်းမာရေးနှင့် လူမှုစောင့်ရှောက် ရေးအကြီးအကဲဖြစ်သူ ဆာဂျစ်ဂျာဗစ် က လက်ခံပါကြောင်း ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်တစ်ရပ်တွင် ဖော်ပြထားသည်။
လာမည့်သီတင်းပတ်တွင် စတင်ထိုးနှံမည်
မိဘများ သို့မဟုတ် အုပ်ထိန်းသူ များ၏ ခွင့်ပြုချက်ရရှိထားသည့် အင်္ဂလန် နိုင်ငံမှ ကလေးငယ်များအား လာမည့် သီတင်းပတ်မှ စတင်ကာ Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည် ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို နှစ်ကြိမ်ထိုးနှံပေးရန် လိုအပ်မည်လားဆိုသည်နှင့် စပ်လျဉ်း၍ ယခုတိုင် မဆုံးဖြတ်ရသေးကြောင်း သိရသည်။
အသက် ၁၂ နှစ်မှ အသက် ၁၅ နှစ် အရွယ်ကလေးငယ်များ ၎င်းတို့၏ ကျန်းမာရေးအခြေအနေပေါ် မူတည်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး သင့်ကြောင်း ဗြိတိန်နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ကာကွယ်ဆေးထိုးနှံရေးပူးတွဲကော်မတီက ယခုလ အစောပိုင်းတွင် ပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အလင်းသစ်