အင်္ဂလန်ရှိ အလယ်တန်းကျောင်းများ၌ ပါးစပ်၊ နှာခေါင်းစည်း ပြန်လည်တပ်ဆင်ရမည်

 

 

လန်ဒန်  ဇန်နဝါရီ   ၃
အင်္ဂလန်ရှိ     အလယ်တန်းကျောင်းများ၌    စာသင်ခန်းများ  အတွင်း   ပါးစပ်၊ နှာခေါင်းစည်း  ပြန်လည်တပ်ဆင်ရတော့မည်ဟု သိရသည်။ 
လာမည့်သီတင်းပတ်အတွင်း ကလေးများကျောင်းပြန်တက်ရတော့မည်ဖြစ်ရာ အိုမီခရွန်ကူးစက်မှုများကို  ကြောက်ရွံ့သည့် အတွက် ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ကြရန် တောင်းဆိုခဲ့သည်။
အင်္ဂလန်တွင် ကိုဗစ် -၁၉ ကူးစက်မှုများ       မြင့်မားနေချိန်  စာသင်ခန်းများအတွင်း စာသင်ကြားမှုကို ဆက်လက်ပြုလုပ်သွား မည်ဟု အစိုးရက ကတိပြုခဲ့ရာ ယခုလိုတောင်းဆိုခဲ့ခြင်းဖြစ်သည်။
ဗြိတိန်နိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း  ကိုဗစ် -၁၉ နောက်ထပ်ကူးစက်ခံရသူဦးရေမှာ ၁၃၇၅၈၃ ဦးရှိရာ  စုစုပေါင်း ကူးစက်ခံရသူ ၁၃၂၃၅၄၀၁ ဦးအထိ  ရှိလာသည်ဟု  ဇန်နဝါရီ ၂ ရက်တွင် ထုတ်ပြန်သည့်ထုတ်ပြန်ချက်များအရ သိရသည်။
ဗြိတိန်နိုင်ငံတွင် ကိုဗစ် -၁၉နှင့်ဆက်စပ်ပြီး  သေဆုံးသူဦးရေမှာ ၇၃ ဦး ထပ်တိုးလာခဲ့သည်။ ဆေးရုံ၌ လက်ရှိကုသမှုခံယူနေရသူ ဦးရေမှာ ၁၁၉၁၈ ဦး  ရှိသည်ဟု  သိရသည်။ 
ဆင်ဟွာ