
နေပြည်တော် ဩဂုတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် သပြေ ကျေးရွာအုပ်စုတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ် အတွင်း စစ်မှုထမ်းဆောင်ရန် အသက်ပြည့်မီ သူများ၏ နေအိမ်တိုင်းကို ငွေကျပ်တစ်သိန်းခွဲ အထိ အုပ်ချုပ် ရေးမှူးက တောင်းယူနေကြောင်း ကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ် မမှန် သတင်းများ ရေးသားဖြန့်ဝေ နေလျက်ရှိ သည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ မှန်ကန် မှုမရှိကြောင်းနှင့် စစ်မှုထမ်းဆောင်ရန်အတွက် ဆင့်ခေါ်ရာတွင် ပြဋ္ဌာန်းထားသည့် ဥပဒေနှင့် အညီသာ ဆောင်ရွက်လျက်ရှိကြောင်း၊ မည်သည့် အကြောင်းနှင့်မျှ ငွေကြေးတစ်စုံ တစ်ရာကောက်ခံရန် ညွှန်ကြားထားခြင်းမရှိ ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက် ၍ ဆက်သွယ်မေးမြန်းနိုင်သည့် ဖုန်းနံပါတ် များကိုလည်း ပြည်သူများသိရှိစေရန် ထုတ်ပြန် ထားရှိကြောင်းနှင့် တရားမဝင်ပြည်ဖျက် မီဒီယာများက ပြည်သူလူထုက အထင်အမြင် လွဲမှားစေရန် လုပ်ကြံရေးသား ဝါဒဖြန့်ခြင်းသာ ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
သတင်းစဉ်