
အငယ်တန်းအင်ဂျင်နီယာ(၃)နှင့် အငယ်တန်းအင်ဂျင်နီယာ(၄) အလုပ်ခွင်ဝင် အွန်လိုင်းသင်တန်းဆင်းပွဲ ကျင်းပ
=================================================================
နေပြည်တော် နိုဝင်ဘာ ၁၁
ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ အငယ်တန်းအင်ဂျင်နီယာ(၃)နှင့် အငယ်တန်းအင်ဂျင်နီယာ (၄) အလုပ်ခွင်ဝင် အွန်လိုင်းသင်တန်း အမှတ်စဉ် (၁/၂၀၂၀) သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲ ၃ နာရီတွင် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ယခု သင်တန်းကို အောက်တိုဘာ ၁၉ ရက်မှစ၍ နိုဝင်ဘာ ၁၁ ရက်အထိ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းတွင် အဆောက်အဦ ဦးစီးဌာနမှ ၇၃ ဦး၊ လမ်းဦးစီးဌာနမှ ၁၇၈ ဦး၊ တံတားဦးစီး ဌာနမှ ၆၆ ဦး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုရေးဦးစီးဌာနမှ ၁၈ ဦး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၁၁၂ ဦး စုစုပေါင်း ၄၄၇ ဦး တက်ရောက်ခဲ့ပါကြောင်း။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် လုပ်ငန်း စွမ်းဆောင်ရည်များ တိုးတက်မြင့်မားရေးအတွက် မျိုးဆက် သစ်များ လုပ်ငန်းခွင်နှင့်ပတ်သက်သည့် အင်ဂျင်နီယာ ဘာသာရပ်များအပြင် အခြားအထောက်အကူပြုဘာသာ ရပ်များ သိရှိလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို သိရှိလိုက်နာတတ်ကြစေရေးကို နှောင့်နှေးကြန့်ကြာမှု မရှိရအောင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ အွန်လိုင်းသင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း။
ယနေ့သင်တန်းဆင်းမည့် အင်ဂျင်နီယာသင်တန်း သား၊ သင်တန်းသူများသည် ဆောက်လုပ်ရေးဝန်ကြီးဌာန အတွက် အားကိုးအားထားပြုရမည့် အင်ဂျင်နီယာများဖြစ် လာရန် မျှော်လင့်ပါကြောင်း၊ အင်ဂျင်နီယာဘာသာရပ်များ အပြင် ဝန်ကြီးဌာန၏ ဖွဲ့စည်းပုံဝန်ထမ်းကျင့်ဝတ်၊ အင်ဂျင် နီယာကျင့်ဝတ်၊ ရုံးသုံးမြန်မာစာရေးသားနည်းနှင့် ရုံးလုပ်ငန်းဘာသာရပ်၊ အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ ဘဏ္ဍာရေးစည်းမျဉ်းများ၊ အခွန်ဆိုင်ရာကိစ္စရပ်များ၊ ရန်ပုံ ငွေ ခွဲဝေပေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ဌာနဆိုင်ရာ ကိုဓဥပဒေများ၊ ငွေစာရင်းဆိုင်ရာဥပဒေများနှင့် ညွှန်ကြား လွှာများ၊ အသုံးစရိတ် သုံးစွဲခြင်းဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းတို့ကို ထည့်သွင်းသင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း။
သင်တန်းကာလ သုံးပတ်သည် တိုတောင်းသော်လည်း အတွေ့အကြုံရင့်ကျက်သည့် နည်းပြဆရာများ၏ သင်ကြား ပို့ချမှုများကို လုပ်ငန်းခွင်အတွေ့အကြုံများနှင့် ပေါင်းစပ်၍ မိမိ၏ အရည်အချင်းနှင့် စွမ်းရည်များကို ကိုယ်တိုင်မြှင့်တင် ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းခွင်ဝင်ကြမည့် အင်ဂျင်နီယာ သင်တန်းသား သင်တန်းသူများအနေဖြင့် ယခုသင်တန်းမှ သင်ကြားပို့ချပေးလိုက်သည့် ပညာရပ်များကို မိမိကိုယ်တိုင် စိတ်ဝင်တစားနှင့် လုပ်ငန်းခွင်၌ ပေါင်းစပ်လုပ်ဆောင်ပါက အတွေ့အကြုံများ ပိုမိုရရှိလာမည်ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ချမှတ်ထားသည့် မူဝါဒများ ကို လိုက်နာပြီး ပြောင်းလဲတိုးတက်နေသည့် ခေတ်စနစ်နှင့် အညီ အသိပညာ၊ အတတ်ပညာများ တိုးတက်အောင် လေ့လာဆည်းပူးသင်ယူကြရန် အထူးမှာကြားလိုပါကြောင်း ပြောကြားသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးရွှေလေးက သင်တန်းဆင်းအောင်လက်မှတ်များအား ပေးအပ်ရာတွင် အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ သင်တန်းသား သင်တန်းသူများ ကိုယ်စား ကိုယ်စားလှယ်တစ်ဦးစီက လက်ခံရယူခဲ့ကြောင်း သိရသည်။
သတင်းစဉ်