အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း ရန်ကုန် - ဗီယင်ကျန်း ခရီးစဉ်သစ်ဖွင့်     

ရန်ကုန်  ဇွန်  ၂၆
ရန်ကုန်မြို့မှ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ ပျံသန်းပြေးဆွဲမည့် ရန်ကုန်-ဗီယင်ကျန်းခရီးစဉ်သစ်ကို   အပြည်ပြည်ဆိုင်ရာ   မြန်မာလေကြောင်း လိုင်း(MAI) မှ ဇွန်  ၂၅  ရက်မှစတင်၍   ပျံသန်းပြေးဆွဲခြင်းအခမ်းအနား ကို ရန်ကုန်မြို့  မင်္ဂလာဒုံမြို့နယ်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာ  လေဆိပ် Terminal 1 တွင် ယမန်နေ့က ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ  လာအိုသံအမတ်ကြီး   Mr.Heuangseng      Khamdalavong၊     အပြည်ပြည်ဆိုင်ရာ    မြန်မာ လေကြောင်းလိုင်း(MAI) ၏  စီအီးအို Mr.Tanes Kumar နှင့် Director General  of  The  Department  of   Civil  Aviation  Myanmar မှ ဦးကျော်စိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။  


ယင်း ရန်ကုန်-ဗီယင်ကျန်း၊ ဗီယင်ကျန်း-ရန်ကုန် လေကြောင်းလိုင်း ခရီးစဉ်သစ်ကို    အပတ်စဉ် အင်္ဂါ၊  ကြာသပတေးဖြင့်  တစ်ပတ်လျှင် နှစ်ကြိမ်ခန့်ပျံသန်းပြေးဆွဲမည်ဖြစ်ကာ လေကြောင်းလက်မှတ်များကို အမေရိကန်ဒေါ်လာ ၁၅၉ ဒေါ်လာဖြင့် စတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။                     အာကာလင်း