
လွိုင်ကော် ဇွန် ၂၆
အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲ ရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များ၊ ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြ သည်။
တိုးမြှင့်ဆောင်ရွက်
ရှေးဦးစွာ ပြည်နယ်ဝန်ကြီး ချုပ်က နိုင်ငံတော်အစိုးရအနေ ဖြင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်း များကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ချမှတ်ဆောင်ရွက် လျက်ရှိရာ ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်း များကို ဘက်ပေါင်းစုံမှ နည်းလမ်း ပေါင်းစုံ အသုံးပြုဆောင်ရွက်နေ ကြောင်း၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို အနာဂတ် လူသားအရင်းအမြစ်များ ဖြစ် သော ကျောင်းသားလူငယ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် သက်ဆိုင်ရာဌာနများက အသိ ပညာပေးလုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ် ရေး မူဝါဒသစ်၏ ရည်မှန်းချက်အရ ပြောင်းလဲလာသည့် မူးယစ်ဆေးဝါး ပြဿနာများအပေါ် သုံးသပ်ပြီး အမျိုးသားရေးအသိစိတ်ဓာတ်ဖြင့် သက်ဆိုင်ရာဌာနများနှင့် ပြည်နယ် အတွင်း နေထိုင်သူအားလုံးက ထိထိရောက်ရောက် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရား မဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့ အထိမ်းအမှတ်အတွက် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ထံမှ ပေးပို့ သော သဝဏ်လွှာအား ကယား ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များအန္တရာယ် တားဆီးကာကွယ် ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး သန်းစိုးအောင်က ဖတ်ကြားသည်။
ချီးမြှင့်ငွေများပေးအပ်
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း နှင့် ပိုစတာပြိုင်ပွဲများတွင် ဆုရရှိ သည့် ကျောင်းသား ကျောင်းသူ များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ကြပြီး ခင်းကျင်းပြသထားသည့် မူးယစ် ဆေးဝါးအန္တရာယ် အသိပညာပေး ဆောင် ရွက်ချက် မှတ်တမ်းများ၊ အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါး အလွဲသုံးမှုနှင့် တရား မဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့အထိမ်းအမှတ် ပြိုင်ပွဲဝင် ပန်းချီ၊ ကာတွန်းနှင့် ပိုစတာများ ကို လှည့်လည်ကြည့်ရှုအားပေး ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)