အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားများကျင်းပ

နေပြည်တော်   ဇွန်   ၂၆
၂၀၂၄ ခုနှစ်  ဇွန် ၂၆ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားများကို နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကျင်းပပြီး  တောင်ကြီးမြို့၊  ရန်ကုန်မြို့၊  မန္တလေးမြို့တို့နှင့် တိုင်းဒေသကြီး/ပြည်နယ်ခြောက်ခုမှ  မြို့နယ်  ၂၄ မြို့နယ်တို့၌ တစ်နှစ်တာကာလအတွင်း ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများ  ဖျက်ဆီးခြင်းအစီအစဉ်များကို ယနေ့တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ တစ်ပြိုင်တည်းကျင်းပ၍ အထိမ်းအမှတ်နေ့  ဝတ္ထုတို၊  ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံ၊ ကွန်ပျူတာ ပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီနှင့် ဆောင်ပုဒ်ပြိုင်ပွဲများအတွက် ဆုရရှိသူများကို ဆုများချီးမြှင့်ခဲ့ကြသည်။  
(၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့်     တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့၌ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းနှင့်   ဓာတုပစ္စည်းများ   မြေမြှုပ် ဖျက်ဆီးခြင်းကို နံနက် ၁၀ နာရီခွဲတွင် တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းနှင့်   ထီဖောင်းကျေးရွာအုပ်စု တို့၌ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်   ပြည်ထဲရေးဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီး မူးယစ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ရှမ်းပြည်နယ်ဝန်ကြီး ချုပ် ဦးအောင်အောင်နှင့်        ပြည်နယ်ဝန်ကြီးများ၊         အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီး များ၊  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌများ၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့     တွဲဖက်အတွင်းရေးမှူး၊    မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကို၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ ထိုင်းနိုင်ငံ မူးယစ် ဆေးဝါးထိန်းချုပ်ရေးအဖွဲ့မှ   မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်၊     မြန်မာနိုင်ငံ    အမျိုးသမီးရေးရာအဖွဲ့၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ သူနာပြုသင်တန်းကျောင်းတို့မှ ကိုယ်စားလှယ်များ၊ ကျောင်းသား ကျောင်းသူများ၊ ဒေသခံတိုင်းရင်းသား ကိုယ်စားလှယ်များ၊ မြို့မိ/မြို့ဖများ တက်ရောက် ကြသည်။ 
အဆိုပါ   မီးရှို့ဖျက်ဆီးပွဲတွင်   ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့မှ ဖမ်းဆီးရမိသည့် ဘိန်းကီလို ၆၀၀ ကျော်၊ ဘိန်းဖြူ ကီလို ၁၀၃၇ ကျော်၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၂၁ သန်းကျော်၊ အိုက်စ် ၄၇၇၁ ကီလိုကျော်၊   ကက်တမင်း   ၇၆၄   ကီလိုကျော်၊ ဆေးခြောက် ၂၅၆ ကီလိုကျော်အပါအဝင်  မူးယစ် ဆေးဝါး ၁၇ မျိုးနှင့် ဓာတုပစ္စည်း ၂၅ မျိုး စုစုပေါင်း တန်ဖိုး    မြန်မာငွေကျပ်    ၄၅၆    ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၀၁၃ သန်း)ကို ဖျက်ဆီးခဲ့သည်။
လှည့်လည်ကြည့်ရှု
ထို့ပြင်   နံနက် ၈  နာရီတွင်   ရှမ်းပြည်နယ် တောင်ကြီးမြို့ မြို့တော်ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ် မှုတိုက်ဖျက်ရေးနေ့   အခမ်းအနားကို    ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်      ဦးအောင်အောင်နှင့် ပြည်နယ်ဝန်ကြီးများ၊ ရှမ်းပြည်နယ် မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးနှင့်အဖွဲ့ဝင်များ၊     မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ  အရာရှိကြီးများ၊  စာပေ၊  ဂီတ၊  ဓာတ်ပုံ၊ ကွန်ပျူတာ ပိုစတာ၊  ပန်းချီ၊  ကာတွန်း၊ ပိုစတာနှင့်  ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင်    ဗဟိုအဆင့်ဆုရရှိသူများနှင့် ပြည်နယ်အဆင့် ဆုရရှိသူများ တက်ရောက်ခဲ့ကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်က     အဖွင့်အမှာစကား ပြောကြားခြင်း၊    မူးယစ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ၏ သဝဏ်လွှာကို ပြည်နယ်မူးယစ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌက ဖတ်ကြားခြင်း၊ စာပေ၊ ဂီတ၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊   ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင် ဗဟိုအဆင့်ဆုရရှိသူများနှင့် ပြည်နယ်အဆင့် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ မူးယစ်ဆေးဝါး ဆိုင်ရာပြခန်းများကို  လှည့်လည်ကြည့်ရှုခြင်းများ ဆောင်ရွက်ကြသည်။  
မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားပြုလုပ်
ထို့အတူ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသ ကြီး  အင်းစိန်ခရိုင်  လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ လှိုင်သာယာအနောက်ပိုင်း ကုန်တင်ယာဉ် ရပ်နားကွင်း၌ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ မီးရှို့ ဖျက်ဆီးခြင်းအခမ်းအနားပြုလုပ်ရာ   ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊  ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ   တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့်   တပ်မတော်အရာရှိကြီးများ၊    မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အတွင်းရေး မှူး၊  ပြည်ထဲရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး  ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး  နီလင်းအောင်နှင့် အဖွဲ့ဝင်များ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိကြီးများ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့၊  မြန်မာနိုင်ငံမိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း၊   သူနာပြုတက္ကသိုလ်နှင့်   တိုင်းရင်းသားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊   ကျောင်းသား   ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး     ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊      ပဲခူးတိုင်းဒေသကြီး၊    တနင်္သာရီတိုင်းဒေသကြီး၊   မွန်ပြည်နယ်၊  ကရင်ပြည်နယ်၊   ရခိုင်ပြည်နယ်နှင့် အမြန်လမ်းရဲတပ်ဖွဲ့တို့မှ   ဖမ်းဆီးရမိသော  ဘိန်း ၀ ဒသမ ၂၆၂ ကီလိုကျော်၊ ဘိန်းဖြူ ၅၆ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၂ သန်းကျော်၊ အိုက်စ် ၉၅၇၄ ကီလိုကျော်၊ ဘိန်းစာ မှုန့် ၁၇၇၅ ကီလိုကျော်၊ ကက်တမင်း ၂၃၈၂ ကီလို ကျော်၊ ဆေးခြောက် ၅၄၁ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါး ၂၆ မျိုးနှင့် ဓာတုပစ္စည်း ၁၁ မျိုး စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၂၈၉ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၈၆  ဒသမ  ၈၉  သန်း) ကို ဖျက်ဆီးခဲ့သည်။ 
ဆုရရှိသူများအား ဆုချီးမြှင့်
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်  တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့   အခမ်းအနားကို   ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမင်္ဂလာခန်းမ၌    နံနက်   ၁၀   နာရီခွဲ တွင် ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊  ရန်ကုန် တိုင်း     မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ လုံခြုံရေးနှင့်  နယ်စပ်ရေးရာဝန်ကြီးနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ    အရာရှိကြီးများ၊   စာပေ၊ ဂီတ၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊  ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့်   ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင်  ဗဟို အဆင့်ဆုရရှိသူများနှင့်  တိုင်းဒေသကြီးအဆင့် ဆုရရှိ သူများ တက်ရောက်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး   ဝန်ကြီးချုပ်က  အဖွင့်အမှာစကားပြောကြားခြင်း၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့    ဥက္ကဋ္ဌ၏ သဝဏ်လွှာကို   တိုင်းဒေသကြီး   မူးယစ်တားဆီး ကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌက ဖတ်ကြားခြင်း၊ စာပေ၊ ဂီတ၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့်    ကွန်ပျူတာ    ပန်းချီပြိုင်ပွဲများတွင် ဗဟိုအဆင့် ဆုရရှိသူများနှင့် တိုင်းဒေသကြီးအဆင့် ဆုရရှိသူများအား   ဆုချီးမြှင့်ခြင်း၊   မူးယစ်ဆေးဝါး ဆိုင်ရာပြခန်းများကို    လှည့်လည်ကြည့်ရှုခြင်းများ ဆောင်ရွက်ကြသည်။    
အလားတူ    မန္တလေးမြို့တွင်     ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ  မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု   တိုက်ဖျက်ရေးနေ့အခမ်း အနားနှင့် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး ခြင်းအစီအစဉ်ကို   နံနက် ၈ နာရီ   မိနစ်   ၅၀  တွင်             မန္တလေးတိုင်းဒေသကြီး      ချမ်းမြသာစည်မြို့နယ် ချမ်းမြသာစည်(တောင်)ရပ်ကွက်ရှိ လေယာဉ်ကွင်း
အဟောင်း၌   ပြုလုပ်ရာ  မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးဝန်ကြီး များ၊  အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ   တပ်မတော် အရာရှိကြီးများ၊   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ  ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူနှင့် ရဲအရာရှိကြီးများ၊ တရုတ် ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ    ရဲဆက်ဆံရေးအရာရှိကြီး နှင့် အဖွဲ့ဝင်များ၊ မန္တလေးမြို့အခြေစိုက် ကောင်စစ်ဝန် ရုံးများမှ ကိုယ်စားလှယ်များနှင့် မိတ်ဖက်အဖွဲ့အစည်း များမှ   ကိုယ်စားလှယ်များ   တက်ရောက်ခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က   အဖွင့်အမှာ စကား ပြောကြားခြင်း၊ မူးယစ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ၏   သဝဏ်လွှာကို   တိုင်းဒေသကြီး   မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌက ဖတ်ကြား ခြင်း၊ စာပေ၊ ဂီတ၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများ တွင်   ဗဟိုအဆင့်ဆုရရှိသူများနှင့်   တိုင်းဒေသကြီးအဆင့်ဆုရရှိသူများအား   ဆုချီးမြှင့်ခြင်း၊   မူးယစ် ဆေးဝါးဆိုင်ရာပြခန်းများကို   လှည့်လည်ကြည့်ရှုခြင်း များ ဆောင်ရွက်ကြသည်။ 
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး၊ မြန်မာနိုင်ငံအထက်ပိုင်းဒေသများနှင့် အလယ်ပိုင်းဒေသ များမှ ဖမ်းဆီးရမိသည့် ဘိန်း ၇၆၆ ကီလိုကျော်၊ ဘိန်းဖြူ ၁၀၈၅ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၈၅ သန်းကျော်၊ အိုက်စ်ကီလို ၉၀၀၀ ကျော်၊ ကက် တမင်း  ၁၀၁၈  ကီလိုကျော်၊   ဆေးခြောက်   ၄၅၈ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါး ၂၁ မျိုးနှင့် ဓာတုပစ္စည်းအမျိုး ၂၀ တို့၏ စုစုပေါင်းတန်ဖိုး မြန်မာ ငွေကျပ် ၄၁၈ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၁၂၅ ဒသမ ၅၄ သန်း) ကို ဖျက်ဆီးခဲ့သည်။ 
စုစုပေါင်း တန်ဖိုး မြန်မာငွေကျပ် 
၁၁၆၃ ဘီလီယံကျော် ဖျက်ဆီးခဲ့
ယခုနှစ်တွင် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ ဖျက်ဆီးခြင်းနှင့် ဓာတုပစ္စည်းများဖျက်ဆီးခြင်း အစီ အစဉ်များကို ရန်ကုန်မြို့၊ မန္တလေးမြို့၊ တောင်ကြီးမြို့ နှင့် တိုင်းဒေသကြီး/ပြည်နယ်ခြောက်ခုမှ မြို့နယ်၂၄ မြို့နယ်တို့တွင်   ကျင်းပပြုလုပ်ခဲ့ရာ   ဘိန်း  ၁၃၆၆ ကီလိုကျော်၊ ဘိန်းဖြူ ၂၁၇၈ ကီလိုကျော်၊  စိတ်ကြွ ရူးသွပ်ဆေးပြား ၂၃၉  သန်းကျော်၊ အိုက်စ် ၂၃၃၉၃ ကီလိုကျော်၊   ဘိန်းစာမှုန့်   ၁၇၇၅   ကီလိုကျော်၊ ဆေးခြောက် ၁၂၅၇ ကီလိုကျော်၊ ကက်တမင်း ၄၁၆၅ ကီလိုကျော်နှင့် ဘိန်းညိုမှုန့် ၁၂ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၇၇ မျိုး၊ စုစုပေါင်း တန်ဖိုး မြန်မာငွေကျပ် ၁၁၆၃ ဘီလီယံကျော် (အမေ ရိကန်ဒေါ်လာ ၃၄၉ ဒသမ ၄၄၃ သန်း) တို့ကို ဖျက်ဆီး ခဲ့ခြင်းဖြစ်သည်။ 
အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းဆောင်ရွက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ မူးယစ် ဆေးဝါး      တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီး ဌာနနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တို့က အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းဆောင်ရွက်မှု ကြောင့် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းအများအပြား ဖမ်းဆီးရမိဖျက်ဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်