အပြည်ပြည်ဆိုင်ရာအွန်လိုင်းကုန်စည်ပြပွဲ Myanmar International Expo of Organic and Natural Products ဖွင့်ပွဲအခမ်းအနားကျင်းပ


 

နေပြည်တော် ဩဂုတ် ၂၄


မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့က ကြီးမှူးကျင်းပသည့် အပြည်ပြည် ဆိုင်ရာ အွန်လိုင်းကုန်စည်ပြပွဲ Myanmar International Expo of Organic and Natural Products ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ကုန်သည် လမ်းရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာနတွင် ကျင်းပ သည်။
အွန်လိုင်းမှ ပါဝင်တက်ရောက်
ဖွင့်ပွဲအခမ်းအနားသို့ မြန်မာ နိုင်ငံ အပါအဝင် တရုတ်၊ ဗီယက်နမ်၊ လာအို၊ ကိုရီးယား၊ ဂျပန်၊ ဗြိတိန်၊ အီတလီ၊ ရုရှား၊ အာရပ်စော်ဘွားများ နိုင်ငံ၊ ဥရောပသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စုနှင့် အိန္ဒိယနိုင်ငံတို့မှ စိတ်ပါဝင်စားသူများက အွန်လိုင်းမှ ပါဝင်တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်က မြန်မာ နိုင်ငံသည် နိုင်ငံတကာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့များနည်းတူ ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတကာသို့ မိမိနိုင်ငံ၏ အရည်အသွေးရှိ ထုတ်ကုန် များကို မိတ်ဆက်ပြသနိုင်ရန်နှင့် ဈေးကွက်သစ်များ ရှာဖွေနိုင်ရန် စီစဉ် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာ နိုင်ငံ၏ စီးပွားရေးမူဝါဒတွင် လယ်ယာ ထွက်ကုန်များကို အခြေခံ၍ အခြား စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးပါဝင်ပါကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း မြန်မာနိုင်ငံကို စားနပ် ရိက္ခာ ထုတ်လုပ်တင်ပို့သော နိုင်ငံ တစ်ခုဖြစ်လာရန် ကြိုးပမ်းဆောင် ရွက်ရာတွင် အွန်လိုင်းကုန်စည်ပြပွဲ ပလက်ဖောင်းသည် အဓိကအခန်း ကဏ္ဍမှ ပါဝင်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါကုန်စည်ပြပွဲတွင် မြန်မာ၊ တရုတ်၊ ဗီယက်နမ်၊ လာအိုနှင့် ကိုရီးယားနိုင်ငံတို့မှ ကုမ္ပဏီ ၅၀ ကျော် မှ ဆန်၊ ပဲမျိုးစုံ၊ နှမ်း၊ သစ်သီးဝလံ များ၊ ရေထွက်ပစ္စည်းများ၊ စားသောက် ကုန်များနှင့် အခြားလူသုံးကုန် ပစ္စည်းများကို ပါဝင်ပြသမည် ဖြစ်ကြောင်း။
ကျင်းပသွားမည်
ပြပွဲကာလအတွင်း တရုတ်၊ စင်ကာပူနိုင်ငံတို့မှ ကုန်သည် လုပ်ငန်းရှင်များနှင့် Business Matching များလည်း ကျင်းပသွား မည်ဖြစ်ပြီး နိုင်ငံတကာမှ ဝယ်ယူသူ/လေ့လာသူ အဖြစ် တက်ရောက်ရန် ကြိုတင် စာရင်းပေးသွင်းထားသူ ၂၅၀ ကျော်ရှိကြောင်းနှင့် ၎င်းအွန်လိုင်း ကုန်စည်ပြပွဲကို
ဩဂုတ် ၂၄ ရက်မှ ၃၀ ရက်အထိ www.myanmarexpopark.com တွင် အခမဲ့ စာရင်းပေးသွင်း၍ ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်း ဒေသကြီး အရှေ့ဒဂုံမြို့နယ် ရွာသာ ကြီးစံပြရပ်ကွက်ရှိ National Infra-structure Holding Co.,Ltd မှ အကောင်အထည်ဖော် ဆောင်ရွက်နေ သည့် Resources Group Logistics သို့ရောက်ရှိပြီး ရှင်းလင်းဆောင်ရွက် ရာတွင် ဥက္ကဋ္ဌ ဦးမောင်ကျေးက Dry Port အတွင်း အဆောက်အဦများ တည်ဆောက်ပြီးစီးမှု၊ လုပ်ငန်းများ စတင်ဆောင်ရွက်နေမှုများနှင့် Power Regency Fuel Terminal များ တည် ဆောက်ပြီးစီးသုံးစွဲနေမှု၊ ဆီသိုလှောင် ထားရှိနိုင်မှု၊ ဆီအတင်အချ ပြုလုပ် ပေးနိုင်မှု၊ ဆီလက်လီ လက်ကား ရောင်းချပေးနိုင်ရန်အတွက် ဆီ အရောင်းဆိုင် ၅၀ ဖွင့်လှစ်ရောင်းချ ပေးနိုင်မှုတို့ကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ကုန်သွယ် မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် Logistic Services ကဏ္ဍသည် အလွန် အရေးကြီးသည့်ကဏ္ဍမှ ပါဝင်နေသည့် အတွက် ယင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရန်အတွက် မိမိတို့ဝန်ကြီးဌာန အနေဖြင့် ရင်းနှီးမြှုပ်နှံမည့်သူများကို အားပေးပါကြောင်း၊ Logistic ဖွံ့ဖြိုး တိုးတက်လာသည်နှင့်အညီ ကုန်စည် များ သယ်ယူပို့ဆောင်ရေးတွင် ကုန်ကျစရိတ်နှင့် အချိန်ကို လျှော့ချ ဆောင်ရွက်နိုင်မည်ဖြစ်ရာ Dry Port လုပ်ငန်းစဉ်များတွင် အမြန်ဆုံး စွမ်းအားပြည့် လည်ပတ်နိုင်ရေး အတွက် အခက်အခဲများကိုလည်း သက်ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်း ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် Dry Port အတွင်း သိုလှောင်ထားရှိသည့် စားသောက် ကုန်ပစ္စည်းများ၊ အထည်ချုပ်လုပ်ငန်း နှင့် ဆက်စပ်သည့်ပစ္စည်းများ၊ ဆပ်ပြာမှုန့်နှင့် ဆပ်ပြာကုန်ကြမ်း များ၊ ဂျုံ၊ တာဝါတိုင်နှင့် လုပ်ငန်းသုံး ပစ္စည်းများ သိုလှောင်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်