အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် လူငယ်တို့၏ ပူးပေါင်းဆောင်ရွက်မှုများ စကားဝိုင်းကျင်းပ

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် လူငယ်တို့၏ ပူးပေါင်းဆောင်ရွက်မှုများ စကားဝိုင်းကျင်းပ

 

=====================================================

နေပြည်တော် ဩဂုတ် ၁၁

 

၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၂ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ်အခမ်း အနားနှင့် လူငယ်တို့၏ပူးပေါင်း ဆောင်ရွက်မှုစကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက် များနှင့်အညီ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံလူငယ် ရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ မြန်မာ နိုင်ငံ လူငယ်ရေးရာကော်မတီဝင် လူငယ်ကိုယ်စားလှယ်များနှင့် ဌာန ဆိုင်ရာအကြီးအကဲများ တက်ရောက် ကြပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ လူငယ်များ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ ကလည်း Video Conferencing စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြသည်။

 

လူငယ်များ၏ အင်အား

အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက ယခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ဆောင်ပုဒ်အဖြစ် “Youth Engagement in Global Action” ဖြစ်ပါကြောင်း၊ “Global Action” သည် မျက်မှောက်ခေတ် ကမ္ဘာကြီး တွင်ဖြစ်ပွားနေသည့် လူကြောင့် ဖြစ်သည့် ပဋိပက္ခများ၊ သဘာဝဘေး အန္တရာယ်များနှင့် ကပ်ရောဂါစသည့် ကမ္ဘာ့ရေးရာပြဿနာများကို ဖြေရှင်း တုံ့ပြန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထို့သို့ဆောင်ရွက်ရာတွင် လူငယ် များစုပေါင်းပြီး ပါဝင်ဆောင်ရွက်ရန် Youth Engagement အနေဖြင့် ဖော်ပြထားပါကြောင်း၊ ထို့ကြောင့် ယခုနှစ် ဆောင်ပုဒ်ကို မိမိတို့နိုင်ငံ အနေဖြင့် “ကမ္ဘာ့ရေးရာကိစ္စများ လူငယ်ထုက ဖော်ဆောင်သွား”ဟု သတ်မှတ်ခဲ့ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် သည် ကမ္ဘာမှာ ထူးထူးခြားခြား အခက် အခဲများနှင့်ရင်ဆိုင်ရသည့် နှစ်တစ်နှစ် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ပြဿနာကြောင့် ကမ္ဘာ့နိုင်ငံအသီးသီး တွင် အခက်အခဲများနှင့် ရင်ဆိုင်နေ ကြရပြီး ကိုဗစ်-၁၉ ကပ်ရောဂါသည် မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေခံအဆောက်အအုံများ၏ ယိုယွင်း အားနည်းချက်တွေကို ဖွင့်ဟပြလျက် ရှိပါကြောင်း၊ မညီမျှမှုများ၊ အစွန်း ရောက်မှုများ၊ သဟဇာတပျက်ပြားမှု များသည် ကမ္ဘာကြီးကို အန္တရာယ်လမ်း ကြောင်းပေါ်သို့ တွန်းပို့နေပါကြောင်း၊ ယနေ့ ကမ္ဘာ့လူဦးရေ၏ ၁၈ ရာခိုင်နှုန်း၊ လူဦးရေ တစ်ဘီလီယံခန့်သည် လူငယ်များဖြစ်ပါကြောင်း၊ လူငယ် များသည် မျှော်လင့်ချက်များ ထားလို့ ရသည့် အနာဂတ်အလားအလာကောင်း တွေကို ပိုင်ဆိုင်နိုင်ကြသူများဖြစ်၍ လူငယ်များ၏ အင်အားသည် မျက်မှောက်ကာလအခက်အခဲများကို ဖြေရှင်းရာတွင် အလွန်အရေးပါသည် ဟု ယူဆပါကြောင်း၊ ထို့ကြောင့် လူငယ်များသည် ရပ်တည်မှု၊ ဖွံ့ဖြိုး တိုးတက်မှုနှင့် အခွင့်အရေးများခံစား ရရှိနိုင်ဖို့ လူငယ်များ၏ စည်းလုံးမှု၊ စုစည်းမှု၊ အချင်းချင်း ဦးဆောင် ပေးနိုင်မှုနှင့်အတူ အပြောင်းအလဲ များကိုဖော်ဆောင်ရာတွင် စနစ်တကျပါဝင်နိုင်ရန်လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့် လူငယ်များ၏ ပါဝင်ကြိုးပမ်း မှုများဖြင့်ရေးဆွဲထားသည့် လူငယ် မူဝါဒရှိပြီးဖြစ်ကြောင်း၊ ပြည့်ပြည့်စုံစုံ အကောင်အထည်ဖော်နိုင်မည့် မဟာ ဗျူဟာကိုလည်း ရေးဆွဲဆောင်ရွက်နေ ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးတွင် လူငယ်ကိုယ်စားလှယ် များ၊ လူငယ်ကွန်ရက်များလည်း ရှိပြီးဖြစ်ကြောင်း၊ ထို့အပြင် လူငယ် အဖွဲ့အစည်းများ၊ လူငယ်အရေးဆောင် ရွက်ကြသည့် အရပ်ဘက်အဖွဲ့အစည်း များလည်း ရှိခြင်းကြောင့် ပိုမိုကောင်း မွန်သည့်အနာဂတ်ကို ကြိုးပမ်း တည်ဆောက်ရန် အခြေခံအုတ်မြစ် ရှိပြီးဖြစ်သည်ဟု ဆိုနိုင်ပါကြောင်း၊ လက်တွေ့အကောင်အထည် ဖော် ဆောင်ကြရာတွင် ပေါင်းစည်းညီညွတ်မှု အင်အားသည် အရေးပါပြီး ပိုမိုကြီးမား ခိုင်မာကာ ရေရှည်တည်တံ့ရန် အရေး ကြီးပါကြောင်း၊ လူငယ်များသည် ဒေသန္တရအရေး၊ ကိုယ့်နိုင်ငံအရေး သာမက ကမ္ဘာ့အရေးကိုပါ ကျယ်ပြန့်စွာ လေ့လာသိရှိပြီး ဖြစ်စဉ် ဖြစ်ရပ်များကို သင်ခန်းစာယူခြင်း၊ အတွေ့အကြုံကောင်းများကို သင်ယူ ခြင်းများဖြင့် စွမ်းဆောင်ရည်ပြည့်ဝ သူများဖြစ်ရန် ကြိုးစားကြရင်း ပိုမိုကောင်းမွန်ပြီး သာယာမျှတသည့် ကမ္ဘာကြီးအဖြစ် ပုံဖော်နိုင်ကြပါစေလို့ ဆန္ဒပြုပါကြောင်း ပြောကြားသည်။

 

ထို့နောက် UNFPA Myanmar မှ ဌာနေကိုယ်စားလှယ်က Video Conferencing စနစ်ဖြင့် အပြည်ပြည် ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် ကြိုဆိုနှုတ်ခွန်းဆက်စကား ပြော ကြားပြီး အထွေထွေအတွင်းရေးမှူး ချုပ်ရုံး၏ လူငယ်ဆိုင်ရာ အထူး သံတမန်က ပေးပို့သော သဝဏ်လွှာကို Video Clip ဖြင့် ပြသသည်။

ပါဝင်ဆွေးနွေး

ဆက်လက်၍ လူငယ်တို့၏ “ပူးပေါင်းဆောင်ရွက်မှုများ” “Youth Engagement in National Action” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဦးဆောင်ဆွေးနွေးသူ အဖြစ် ဆောင်ရွက်ပြီး ရန်ကုန်တိုင်း ဒေသကြီးမှ ကိုထက်ပိုင်စိုး၊ ကချင် ပြည်နယ်မှ မဘောက်မိုင်၊ မကွေး တိုင်းဒေသကြီးမှ ကိုဝေယံအောင်နှင့် ရခိုင်ပြည်နယ်မှ ကိုစောကလျာထွန်း တို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲ ခေါင်းစဉ်များအဖြစ် မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒနှင့် လူငယ် ရေးရာမူဝါဒဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာစီမံချက်တို့ ချိတ်ဆက်ဆောင်ရွက်ထားရှိမှုများ၊ ကိုဗစ်-၁၉ ရောဂါတုံ့ပြန်ဆောင်ရွက်မှု များ၊ ကိုဗစ်-၁၉ ရောဂါ ကာလနှင့် ကာလအလွန်စီးပွားရေးအခွင့်အလမ်း များ၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် လူငယ်တို့၏ ပူးပေါင်းပါဝင်မှုများ စသည့် ခေါင်းစဉ်များအလိုက် ဆွေးနွေး ခဲ့ကြပြီး ကိုယ်တိုင်နှင့် အွန်လိုင်းစနစ် ဖြင့် ပါဝင်တက်ရောက်ကြသူများက ဆွေးနွေး မေးမြန်းမှုများကို ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေး မှူးချုပ်နှင့် လူငယ်ကိုယ်စားလှယ်များ က ပြန်လည်ဖြေကြားရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

 

စကားဝိုင်းဆွေးနွေးမှုများအနေဖြင့် လူငယ်ရေးရာမူဝါဒနှင့် မဟာဗျူဟာ စီမံချက်ကို အကောင်အထည်ဖော်ရာ တွင် သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်သည့် လူငယ်များအပါအဝင် လူငယ်များအားလုံး တက်တက်ကြွကြွ ပါဝင်နိုင်ရေး တိုက်တွန်းမှုများ၊ သက်ဆိုင်သည့် ဝန်ကြီးဌာနများက ဘဏ္ဍာငွေခွဲဝေချထားပေးနိုင်မှု အခြေ အနေများ၊ လူငယ်စင်တာများအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရတို့နှင့် ညှိနှိုင်းထားမှုများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းစဉ်များတွင် စေတနာ့ဝန်ထမ်းများ အားကောင်းစွာ ပါဝင်ဆောင်ရွက်မှုများနှင့် ဒေသ အလိုက် အခက်အခဲများကို မြို့နယ် အဆင့်အဖွဲ့များ စနစ်တကျဖွဲ့စည်း၍ အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက် ပေးနေမှုများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကုလသမဂ္ဂ အဖွဲ့အစည်း WFP တို့ပူးပေါင်း၍ အသွားအလာကန့်သတ်စောင့်ကြည့် နေရာများတွင် စားနပ်ရိက္ခာ ပံ့ပိုးကူညီ ပေးနေမှုများ၊ ကိုဗစ်-၁၉ ရောဂါ ကြောင့် စီးပွားရေးထိခိုက်မှုများကုစား နိုင်ရေး၊ မူလအလုပ်အကိုင်များရပ်တန့် သွားမှုအတွက် ကိုဗစ်-၁၉ ရောဂါ ကာလနှင့်လျော်ညီသည့် အလုပ်အကိုင် များ ဖန်တီးပေးနိုင်ရေး၊ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများအတွက် အလုပ်အကိုင်ဖော်ဆောင်နိုင်ရေးတို့အတွက် ကိုဗစ်-၁၉ ရောဂါ စီးပွားရေး ထိခိုက်မှုသက်သာရေး စီမံချက်ဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ဆောင်ရွက်နေမှုများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန အနေဖြင့် ထိခိုက်လွယ်အုပ်စုများ၊ တိုက်ပွဲရှောင် ပြည်သူများအတွက် ပံ့ပိုးကူညီဆောင် ရွက်ပေးမှုများ၊ ကိုဗစ်-၁၉ ရောဂါ စီးပွားရေးထိခိုက်မှုကို ဖြေရှင်းကြရာ တွင် လူငယ်ထုက ပူးပေါင်းပါဝင်ရန် အရေးကြီးမှုများ၊ ကမ္ဘာကြီးတွင် ပဋိပက္ခများ မချုပ်ငြိမ်းနိုင်သည့်ကာလ တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ လူငယ်များဟာ အရေးပါတဲ့နေရာ ကနေ မလွဲမသွေ ကြုံဆုံပါဝင်ကြရမှာ ဖြစ်သည့်အတွက် တစ်ဦးချင်း ပြည်ထောင်စုစိတ်ဓာတ်အခြေခံဖြင့် ငြိမ်းချမ်းချင်စိတ်ရှိခြင်း၊ ရိုးသားမှု အမွေကို လက်ဆင့်ကမ်းနိုင်ခြင်း၊ အချင်းချင်း ယုံကြည်မှုတည်ဆောက် ခြင်းနှင့် လူငယ်များအနေဖြင့် အနာဂတ် တွင် ငြိမ်းချမ်းသာယာသော နိုင်ငံတော် ကို ပုံဖော်နိုင်ရန် လိုအပ်သော စွမ်းဆောင်ရည်များကို ကိုယ်တိုင် ဖြည့်ဆည်းထားနိုင်ရန် လိုအပ်မှုများ ကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလုပ်ငန်းများတွင် လူငယ်များ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည့် လှုပ်ရှားမှုမှတ်တမ်းပြိုင်ပွဲတွင် ဆုရရှိခဲ့ သည့် မှတ်တမ်း Video ကို ပြသခဲ့ ကြောင်း သိရသည်။

သတင်းစဉ်