အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ဂုဏ်ပြုကြိုဆိုကာ အစိုးရစက်မှုလက်မှုသိပ္ပံ(နေပြည်တော်)၌ မိုးရာသီအားကစားပြိုင်ပွဲကျင်းပ

 

နေပြည်တော် သြဂုတ် ၇


သြဂုတ် ၁၂ ရက်တွင် ကျရောက် မည့် အပြည်ပြည်ဆိုင်ရာလူငယ် များနေ့ကို  ဂုဏ်ပြုကြိုဆိုသော အားဖြင့်  မိုးရာသီအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်)  ၌     ကျင်းပရာ သိပ္ပံနှင့်    နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး      ဒေါက်တာ အောင်ဇေယျ    တက်ရောက်ကာ အဖွင့်အမှာစကား    ပြောကြား သည်။  


ဦးစွာ  ဒုတိယဝန်ကြီးက နိုင်ငံ့ လူငယ်များကို ကမ္ဘာ့လူငယ်များ နှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် ဘဝရပ်တည်မှု     ခိုင်မာစေရေး အတွက်   ပညာရည်မြင့်မားရေး အပြင် ဘက်စုံထူးချွန်ထက်မြက် စေရေး ပြုစုပျိုးထောင်ပေးလျက် ရှိကြောင်း၊ သို့ဖြစ်ရာ ကျောင်းသား လူငယ်များသည် နိုင်ငံ့စေတနာကို သိရှိနားလည်ကြပြီး    တိုင်းပြည် ချစ်စိတ်ထက်သန်စွာ     ပြည်သူ များ၏အကျိုးကို  အမှန်တကယ် သယ်ပိုးနိုင်ရေး  နည်းပညာဖွံ့ဖြိုး ရေးလေ့လာမှုများကို ကျားကုတ် ကျားခဲ  ကြိုးပမ်းဆောင်ရွက်ကြ ရန်နှင့် တစ်ချိန်တွင်  နိုင်ငံ့တာဝန် များကို  ပခုံးပြောင်းထမ်းဆောင် ရမည့်သူများပီပီ   ဗလငါးတန် ဖွံ့ဖြိုးရေး အလေးထားဆောင်ရွက် သွားရန်၊  ကျောင်းသားအားကစား သမားများမှသည် နိုင်ငံ့ဂုဏ်ဆောင် အားကစားများ     ဖြစ်သည်အထိ ရည်မှန်း      ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားကာ အခမ်း အနားကို ဖွင့်လှစ်ပေးသည်။


ထို့နောက် ပြိုင်ပွဲဝင် ကျောင်း သားများက     အားကစားသစ္စာ အဓိဋ္ဌာန်ကို သံပြိုင်ရွတ်ဆိုကြပြီး ဒုတိယဝန်ကြီးက အင်ဂျင်နီယာ ဘာသာရပ်အလိုက်    ပြိုင်ပွဲဝင် အသင်းများကို      ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။


ဆက်လက်၍  အင်ဂျင်နီယာ ဘာသာရပ်ပေါင်းစုံ   ညွန့်ပေါင်း အကအဖွဲ့နှင့် ဘာသာရပ်အလိုက် ကျောင်းသား  ကျောင်းသူ အက အဖွဲ့များက    အစီအစဉ်အတိုင်း ကပြဖျော်ဖြေကြရာ       ဒုတိယ ဝန်ကြီးက  အကအဖွဲ့များကို  အဖွဲ့ လိုက်   ဂုဏ်ပြုဆုများ   ပေးအပ် ချီးမြှင့်သည်။


ယင်းနောက်    အဖွင့်ပွဲစဉ်  ဖူဆယ်ဘောလုံး  (ကျား)  ပြိုင်ပွဲ အဖြစ် Farm Machinery အသင်း နှင့် Civil အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ အကြိတ်အနယ်ရှိခဲ့ ပြီး  တစ်ဖက်လေးဂိုးစီဖြင့် သရေ ကျသွားသည်။


အဆိုပါ မိုးရာသီအားကစား ပြိုင်ပွဲတွင်      ဖူဆယ်ဘောလုံး (ကျား)၊ ဘော်လီဘော၊ ပိုက်ကျော် ခြင်း၊          စားပွဲတင်တင်းနစ်၊ ကြက်တောင်(ကျား/မ) စုစုပေါင်း အားကစားနည်း ငါးမျိုးကို ဩဂုတ် ၇ ရက်မှ ၁၄ ရက်အထိ ကျင်းပမည် ဖြစ်ကာ အားကစားသမားပေါင်း ၁၉၇ ဦး ယှဉ်ပြိုင်ကစားကြမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်