အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဗိုဗီနမ်အားကစားနည်းမှ မခိုင်ဝါဖူးနှင့် မမေဟန်နီအောင်လွင်တို့ ရွှေတံဆိပ်တစ်ခု ဆွတ်ခူးရရှိ

 

ဗီယက်နမ်    မေ   ၁၈


ဗီယက်နမ်နိုင်ငံ၌       အိမ်ရှင်အဖြစ်    လက်ခံ    ကျင်းပလျက်ရှိသည့် (၃၁) ကြိမ်မြောက်     အရှေ့တောင် အာရှ    အားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/ အားကစားရုံများ၌ ကျင်းပလျက် ရှိရာ     ယနေ့   ညနေပိုင်းတွင် ဗီယက်နမ်နိုင်ငံ     ဟနွိုင်းမြို့ရှိ Soc Son အားကစားရုံ၌ ဗိုဗီနမ် အားကစားနည်း      အမျိုးသမီး နှစ်ယောက်တွဲ  (သရုပ်ပြ)  ပွဲစဉ် တွင်  မခိုင်ဝါဖူးနှင့်   မမေဟန်နီ အောင်လွင် တို့က   မြန်မာ နိုင်ငံအတွက်      ဆဋ္ဌမမြောက် ရွှေတံဆိပ်ဆုကို      ထိုက်ထိုက် တန်တန်ဆွတ်ခူး ရရှိခဲ့ပြီး  အမျိုးသမီး    (-၅၅)    ကီလိုတန်း တွင်    မနှင်းသက်ဝေက    ကြေး တံဆိပ်ဆုကို     လည်းကောင်း၊ My Dinh National Stadium ၌ ပြေးခုန်ပစ်         အားကစားနည်း   မီတာ    ၁၀၀၀၀     အမျိုးသမီးအပြေး ပြိုင်ပွဲတွင်      မခင်မာဆယ်က ငွေတံဆိပ်ဆုကို  လည်းကောင်း၊ Hai Phong မြို့၌ ကနူး/ကယက် လှေလှော်      အားကစားနည်းမှ ကယက် လှေလှော်  မီတာ ၁၀၀၀ အမျိုးသား  လေးတက်လှော်ပွဲစဉ် ၌ မြန်မာ၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ထိုင်း၊    ဗီယက်နမ်နှင့်  ကမ္ဘော ဒီးယားနိုင်ငံတို့မှ  ယှဉ်ပြိုင်ကစား ခဲ့ရာ မြန်မာနိုင်ငံမှ ငွေတံဆိပ်ဆု ကိုလည်းကောင်း၊ ကနူးလှေလှော် မီတာ   ၁၀၀၀      အမျိုးသား လေးတက်လှော်ပွဲစဉ်၌   မြန်မာ၊ ဖိလစ်ပိုင်၊    အင်ဒိုနီးရှား၊   ထိုင်း၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံ တို့       ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာနိုင်ငံမှ    ကြေးတံဆိပ်ဆု ကိုလည်းကောင်း       ဆုများ အသီးသီး ထပ်မံရရှိသည်။

 


အလားတူ      ယနေ့ပြိုင်ပွဲများ အဖြစ်  Hanoi National Sport Training Center ၌ ကျင်းပလျက် ရှိသော   မြားပစ်အားကစားနည်း အမျိုးသမီး  (Recurve)   အသင်း လိုက်ပြိုင်ပွဲ     တတိယနေရာလုပွဲ ပွဲစဉ်၌ မြန်မာအသင်း  ဝင်ရောက် ယှဉ်ပြိုင်ကစားခဲ့ရာ ကြေးတံဆိပ် ဆု ကိုလည်းကောင်း၊   Tay  Ho အားကစားရုံ၌      တိုက်ကွမ်ဒို အားကစားနည်း (- ၆၃) ကီလိုတန်း ပြိုင်ပွဲတွင် မောင်ဇော်လင်းထက်က ကြေးတံဆိပ်ဆုကို လည်းကောင်း မြန်မာနိုင်ငံအတွက်     ဆုတံဆိပ် များ ထပ်မံဆွတ်ခူးပေးနိုင်ခဲ့သည်။

 


ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည့် ယနေ့ယှဉ်ပြိုင်လျက်ရှိသော အားကစားနည်းများမှ ပိုက်ကျော် ခြင်း အားကစားပြိုင်ပွဲ၊ ဘော်လီ ဘော     အားကစားပြိုင်ပွဲနှင့် ဘောလုံး(အမျိုးသမီး) အားကစား ပြိုင်ပွဲများတွင်       မြန်မာအသင်း ဝင်ရောက်ယှဉ်ပြိုင်   ကစားနေမှု များကို       သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

 


ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် စစ်တုရင်၊ ပီတန်း၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊     ကနူး၊   E-sports၊ ပြေးခုန်ပစ်၊  ဘိလိယက်၊  ဖူဆယ်၊ တိုက်ကွမ်ဒို၊      ဘော်လီဘော၊ ဗိုဗီနမ်၊  လက်ဝှေ့နှင့်  ဘောလုံး (အမျိုးသမီး)   အားကစားနည်းများ တွင်   ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ၁၉-၅-၂၀၂၂ ရက်  ပြိုင်ပွဲ ပွဲစဉ် များအဖြစ် ပြေးခုန်ပစ်၊ စစ်တုရင်၊ သေနတ်ပစ်၊    ပိုက်ကျော်ခြင်း၊ ကနူးလှေလှော်၊       E-sports၊ ဖူဆယ်၊   ဘိလိယက်၊   လက်ဝှေ့၊ ဂျူဒို၊   တိုက်ကွမ်ဒို၊  အလေးမနှင့် ဗိုဗီနမ်  အားကစားပြိုင်ပွဲများကို ဆက်လက်      ဝင်ရောက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်သည်။

 


(၃၁)   ကြိမ်မြောက်     အရှေ့ တောင်အာရှ    အားကစားပြိုင်ပွဲ တွင်    မြန်မာနိုင်ငံမှ  ယနေ့အထိ ရွှေတံဆိပ် ခြောက်ခု၊  ငွေတံဆိပ် ရှစ်ခုနှင့် ကြေးတံဆိပ် ၁၅ ခုတို့ကို ဆွတ်ခူးရရှိထားပြီး    စုစုပေါင်း ဆုတံဆိပ် ၂၉ ခုဖြင့် နိုင်ငံအလိုက် အဆင့်ရပ်တည်မှု အဆင့်(၇)တွင် ရပ်တည်လျက်ရှိကြောင်း သတင်း ရရှိသည်။                

သတင်းစဉ်