
ဆန်ဖရန်စစ္စကို ဇွန် ၂၉
အမေရိကန် ပြည်ထောင်စု အရီဇိုးနားပြည်နယ် ဖီးနစ်မြို့ အရှေ့မြောက်ပိုင်း၌ တောမီးလောင် မှုကို ရဟတ်ယာဉ်များ အသုံးပြု ကာ ဇွန် ၂၈ ရက်တွင် ငြှိမ်းသတ် ခဲ့သည်ဟု ဒေသခံ အရာရှိများက ပြောသည်။
ဖီးနစ်မြို့ အနီးတစ်ဝိုက်၌ ဇွန် ၂၈ ရက် က အပူချိန်မှာ ၁၁၀ ဒီဂရီ ဖာရင်ဟိုက်ရှိပြီး ဒေသခံ ၆၀ ခန့် ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးခဲ့ရသည်ဟု သိရသည်။ ရေသယ်ဆောင်လာသည့် ရဟတ် ယာဉ်များ အသုံးပြုကာ တောမီး ငြှိမ်းသတ်ခြင်းဖြင့် မြေပြင်မှ ဓာတ်အားလိုင်းများကို မီးတောက် များနှင့် ဝေးအောင်ပြုလုပ်နိုင်ခဲ့ သည်ဟု အရီဇိုးနား မီးသတ် အရာရှိများက ပြောသည်။
နေအိမ်များကို တောမီး ကူးစက်လောင်မည် စိုးရိမ်သည့် အတွက် ဒေသခံများအားဘေးလွတ် ရာသို့ ရွှေ့ပြောင်းရေး ဖိအားပေး ခဲ့ရသည်။ ယခုအချိန်ထိ ဒဏ်ရာ ရရှိသူနှင့် ပျက်စီးဆုံးရှုံးမှု သတင်း မကြားရသေးချေ။ ကယ်ဆယ်ရေး ဧရိယာကို စကော့စဒယ်၏ အရှေ့ မြောက်ဘက် ဆင်ခြေဖုံးရပ်ကွက် အထိ တိုးချဲ့ထားပြီး လမ်းများကို လည်း ပိတ်ထားသည်။ လေပြင်း များ တိုက်ခတ်ပြီး ပူပြင်းခြောက် သွေ့သည့် အခြေအနေများကြောင့် မီးတောက်များ ဆက်လက်လောင် နေသဖြင့် သဘာဝထိန်းသိမ်း စောင့်ရှောက်ရေး အစိတ်အပိုင်း များကို ပိတ်ထားရသည်။ လာမည့် သီတင်းပတ်အတွင်း ပုံမှန်အပူချိန် ထက်ပို၍ ပူမည်ဟု အမျိုးသား မိုးလေဝသဌာနက ပြောသည်။
ဆင်ဟွာ