အရှိန်အဟုန်မြှင့်နှိုးဆော်စည်းရုံး

 

မျက်မှောက်ကာလ မြန်မာ့အခြေအနေ၊ ကမ္ဘာ့အခြေအနေတို့အရ မြန်မာနိုင်ငံသားတိုင်း ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်လူမျိုး၊ ကိုယ့် အချုပ်အခြာအာဏာကို ကာကွယ်ရန် အချိန်ကျရောက်လာပြီ ဖြစ်သည်။ သို့ဖြစ်သည့်အလျောက် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေတို့ကို အာဏာတည်သက်ဝင်စေခဲ့ပြီးဖြစ်သည် ကို နိုင်ငံသူ၊ နိုင်ငံသားအားလုံးတို့ သိကြပြီးဖြစ်သည်။ ပြည်သူ့ စစ်မှုထမ်းဥပဒေအရ နိုင်ငံသားတစ်ဦး၏  တာဝန်အဖြစ် စစ်မှု ထမ်းဆောင်ခြင်းသည် နိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲ ရေး၊   တည်ငြိမ်အေးချမ်းရေးနှင့်   နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်ရေးအတွက် မွန်မြတ်သောတာဝန်ကို ထမ်းဆောင် ခြင်းပင်ဖြစ်သည်။


ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်ဝင်ကြောင်း ကြေညာချက် ထွက်ပေါ်လာသည်နှင့် ပြည်တွင်း၊  ပြည်ပ၊  လက်ဝဲ လက်ယာ အဖျက်အမှောင့်များစွာတို့ လှုပ်ရှားထကြွလာသလို သတင်းတု၊ သတင်းမှား၊ ကောလာဟလများစွာတို့ကိုလည်း လူမှုကွန်ရက် များ၊ ပြည်ဖျက်မီဒီယာများတွင် ရှောင်၍မလွတ်အောင် တွေ့လာ ရသည်။ နိုင်ငံပိုင်မီဒီယာများနှင့် တရားဝင်ပုဂ္ဂလိကမီဒီယာများကို ဝါဒဖြန့်ချိမှုများအဖြစ် နားယောင်ကာ သတင်းစာမဖတ်၊ ရေဒီယို  နားမထောင်၊    ရုပ်မြင်သံကြားမကြည့်သူတို့၊     အကြမ်းဖက် အဖျက်သောင်းကျန်းသူတို့၏ အာဘော်များနှင့် ဝါဒဖြန့်စည်းရုံး မှုများကို အဟုတ်ထင်၍  လိုက်ပါလုပ်ဆောင်မိသူတို့မှာ  တံလျှပ် ကို ရေထင်မိသူကဲ့သို့ ဘဝပျက်ပါမှ မှားမှန်းသိသည့်အဖြစ်မျိုးနှင့် ကြုံကြရမည်ဖြစ်သည်။ သို့ဖြစ်ရာ  မြန်မာနိုင်ငံသူ၊  နိုင်ငံသားတိုင်း ပြည်သူ့စစ်မှုထမ်းဥပဒေကို    မှန်ကန်စွာ    နားလည်နိုင်ကြရေး အတွက်    ကိုယ်တိုင်အားထုတ်လေ့လာကြရန်၊     သတင်းတု သတင်းမှားများအပါအဝင်  သတင်းများကို ရှုထောင့်ပေါင်းစုံမှ ဆင်ခြင်စဉ်းစားတတ်ကြရန်၊ ခြိမ်းခြောက်မှုများနှင့် ကောလာ ဟလများ၊  ပြည်သူလူထု၏စိုးရိမ်ကြောင့်ကြမှုအပေါ် အမြတ် ထုတ်လိုသူများ၊    ငွေကြေးရယူ  မမှန်မကန်ဆောင်ရွက်သည့် အကျင့်ပျက်သူများကို  ဖော်ထုတ်ရာတွင် ဝိုင်းဝန်းကူညီကြရန် လိုသည်။


လက်ရှိအခြေအနေတွင်    ပြည်သူ့စစ်မှုထမ်းဆောင်ခြင်း ဆိုင်ရာ  သိကောင်းစရာများကို  နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြ ခြင်း၊   လူစည်ကားရာနေရာများတွင်  လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊  ဌာနဆိုင်ရာများ၊ စက်ရုံအလုပ်ရုံများ၊ ကျောင်းများ၊ ရပ်ကွက်ကျေးရွာများတွင် အသိပညာပေးဟောပြောခြင်း၊ မိုဘိုင်း ဖုန်းများတွင် သတင်းတိုများပေးပို့ခြင်းတို့ ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုအတွင်း ပျံ့နှံ့မှုများ အကန့်အသတ်ဖြင့်သာ ရှိနေသေး သည်။   ပြည်သူလူထုအတွင်း   ပြည်သူ့စစ်မှုထမ်းဆောင်ခြင်း အပေါ်   စိုးရိမ်ကြောင့်ကြမှုနှင့်     မှားယွင်းစွာ     ထင်မြင်နေမှုများ    ပပျောက်စေရေး၊ နိုင်ငံတော်အဓွန့်ရှည်တည်တံ့ရေးအတွက်   စစ်မှု ထမ်းဆောင်ခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်စေရေး၊ ပြည်သူ့စစ်မှု ထမ်းဆောင်ရေးတွင်    ပြည်သူတစ်ရပ်လုံး     စိတ်ရောကိုယ်ပါ  ပူးပေါင်းပါဝင်လာအောင်    လှုံ့ဆော်စည်းရုံးနိုင်ရေးတို့အတွက် စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတအပါအဝင်  မီဒီယာနည်းလမ်းပေါင်းစုံ ဖြင့်   ဆောင်ရွက်ရန်၊  ယုတ်စွအဆုံး  ပြည်သူ့စစ်မှုထမ်းဆိုင်ရာ  Short Message များ၊ စာသားများကို  လမ်းမကြီးများ၊ ကုန်တိုက် များ၊  ဈေးဝယ်စင်တာများအပါအဝင်   လူစည်ကားရာနေရာ၊ လူမြင်ကွင်းမှန်သမျှတို့တွင်   Bill Board   ကြီးငယ်များ  ချထား စိုက်ထူကာ    နှိုးဆော်တိုက်တွန်းမှု၊ စည်းရုံးမှုတို့ အရှိန်အဟုန်ဖြင့် ပြုလုပ်ရန်အထိ ဆောင်ရွက်ကြရန်လိုသည်။ 


ပြည်သူတစ်ယောက်အနေဖြင့်    နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို   ဝင်ရောက်ထမ်းဆောင်ခြင်းသည်   နိုင်ငံတော်ကြီး တစ်ခုလုံးနှင့် နိုင်ငံသူ နိုင်ငံသားအားလုံးကို ကာကွယ်စောင့်ရှောက် ခြင်းဖြစ်သည်။ ယနေ့  မိမိတို့နိုင်ငံသည် ပြည်တွင်းအကြမ်းဖက် လက်နက်ကိုင်သောင်းကျန်းမှုများနှင့် ပြည်ပနိုင်ငံကြီးအချို့၏ စွက်ဖက်မှုများ စသည့်အကြောင်းများကြောင့် နိုင်ငံ၏ကာကွယ် ရေးစွမ်းအားကို မြှင့်တင်ရန်လိုအပ်လျက်ရှိရာ နိုင်ငံကာကွယ်ရေး တွင်   အဓိကတာဝန်ရှိသော    တပ်မတော်ကို    ပြည်သူအားဖြင့် ပူးပေါင်းကူညီကြရမည်ဖြစ်သကဲ့သို့ အနာဂတ်ကာလတွင်လည်း ပြည်ထောင်စုမပြိုကွဲရေး၊    တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊      အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတာဝန် တို့ကို ပြည်သူနှင့်တပ်မတော်  အတူတကွ ဦးထမ်းပဲ့ထမ်း တာဝန် ထမ်းကြရပါမည့်အကြောင်း။         ။