ASEAN Sports Day 2024 အထိမ်းအမှတ်လမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပ

နေပြည်တော်   ဩဂုတ်   ၈
ASEAN Sports Day   အထိမ်း အမှတ် လမ်းလျှောက်ပွဲနှင့် အပြေး အားကစားပြိုင်ပွဲများကို    ယနေ့ နံနက်  ၇  နာရီက  နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပ ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊      ဒုတိယဝန်ကြီး များ၊  ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊     နေပြည်တော် အားကစား    လေ့ကျင့်ရေးစခန်း (Gold Camp)    နှင့်     လူငယ် အားကစား   လေ့ကျင့်ရေးစခန်း (Youth Camp) မှ  အားကစား သမားများသည်        ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ပြေးလမ်းအတိုင်း စုပေါင်းလမ်းလျှောက်၍ ပျော်ပျော် ပါးပါး ပါဝင်ဆင်နွှဲကြသည်။
ထို့နောက် ပြေးခုန်ပစ်  အပြေး အားကစားပြိုင်ပွဲများ        အဖြစ် အမျိုးသား/ အမျိုးသမီး  (မီတာ ၁၀၀ ပြိုင်ပွဲ၊   မီတာ ၄၀၀ ပြိုင်ပွဲ၊ မီတာ ၈၀၀ ပြိုင်ပွဲ၊  မီတာ ၁၀၀ x ၄ လက်ဆင့်ကမ်း)  ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ နေပြည်တော် အားကစား   လေ့ကျင့်ရေးစခန်း (Gold   Camp)    နှင့်    လူငယ် အားကစား  လေ့ကျင့်ရေးစခန်း (Youth Camp)တို့မှ အားကစား သမားများ၏       ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်နေမှုများကို        ပြည် ထောင်စုဝန်ကြီးနှင့်  တာဝန်ရှိသူ များက        ကြည့်ရှုအားပေးပြီး ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့သူများကို မြန်မာ နိုင်ငံ   အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်      လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် ဒုတိယဝန်ကြီးတို့က  ဆုများ ပေးအပ်ချီးမြှင့်ပြီး(ဝဲပုံ) ပါဝင်ဆင်နွှဲ ခဲ့သူများကို   အဆာပြေအအေးနှင့် မုန့်များ     ပေးဝေခဲ့ကြကြောင်း သိရသည်။             
   သတင်းစဉ်