အသိပေးကြေညာချက်

ကိုဗစ် - ၁၉ ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများ အပေါ် ကုစားရေးလုပ်ငန်းကော်မတီက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သော စီးပွားရေးလုပ်ငန်းများအား ကိုဗစ် - ၁၉ ရန်ပုံငွေမှ ချေးငွေသက်တမ်း ၁ နှစ် (အတိုးနှုန်း ၁ %) ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီ လမှစတင်၍ ချေးငွေများ ထုတ်ချေးခဲ့ပါသည်။
ယခုအခါတွင် ချေးငွေသက်တမ်း ၃ နှစ်ပြည့်မြောက်  ကျော်လွန် ခဲ့ပြီးဖြစ်သည့်   ကုမ္ပဏီ/ လုပ်ငန်းများအား  ၂၀၂၄ ခုနှစ်၊  ဇွန်လ ၃၀ ရက်နေ့အထိ ချေးငွေအရင်းနှင့်အတိုးများအား  အမြန်ဆုံးပြန်လည် ပေးဆပ်ရန် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင်  အသိပေးကြေညာခဲ့ ပါသည်။
ချေးငွေအပြေအကျေ    ပေးဆပ်ပြီးသူများအား   ကျေးဇူးတင် အသိအမှတ်ပြုပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
သို့ဖြစ်ပါ၍ ကော်မတီအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့်  ပြည်နယ်အသီးသီးက  ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေပေးဆပ်ရန် ကျန်ရှိနေသည့်-
    (၁)    အလီလီပေးဆပ်နေသည့်  ကုမ္ပဏီ/လုပ်ငန်းများအနေဖြင့် အမြန်ဆုံးအပြေအကျေ    ပြန်လည်ပေးဆပ်ရမည်ဖြစ်ပါ ကြောင်း၊
    (၂)     အတိုးကိုသာ ပေးသွင်းထားသည့်  ကုမ္ပဏီ/လုပ်ငန်းများ အနေဖြင့် အရင်းနှင့်အတိုးကို တစ်ပေါင်းတည်း အမြန်ဆုံးပြန်လည်ပေးသွင်းရန်ဖြစ်ကြောင်း၊
    (၃)    အတိုး၊ အရင်း လုံးဝမပေးဆပ်သည့် ကုမ္ပဏီ/လုပ်ငန်းများ အနေဖြင့်      အချိန်မီလာရောက်ပေးဆပ်ခြင်းမရှိပါက လုပ်ငန်းတစ်ခုချင်းအား    နိုင်ငံပိုင်သတင်းစာများမှ ထုတ်ပြန်အသိပေးခြင်း၊ စီမံခန့်ခွဲမှုနည်းလမ်းအရ အရေး ယူ ခြင်း တို့ဖြင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
ကိုဗစ်-၁၉ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ