အသိပေးနှိုးဆော်ချက်

 

 

၁။     ၂၀၂၁ ခုနှစ်၊  ဇူလိုင်လ  (၁၉) ရက်နေ့တွင်   ကျင်းပပြုလုပ်မည့်  (၇၄)နှစ်မြောက်   အာဇာနည်နေ့အခမ်းအနားကို  ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်တွင်    ကျင်းပပြုလုပ်မည်ဖြစ်ရာ   အခမ်းအနား ကျင်းပမည့်     နံနက် ၀၄၀၀ နာရီအချိန်မှ    အခမ်းအနားပြီးဆုံးချိန်အထိ အနောက်ရွှေဂုံတိုင်လမ်းအား   ရေတာရှည်လမ်းဟောင်းမှ  လည်း ကောင်း၊    ဓမ္မစေတီလမ်းအား    ဦးဝိစာရ-ဓမ္မစေတီလမ်းဆုံမှ လည်းကောင်း၊ ဓမ္မစေတီလမ်းအား အင်းယားလမ်းဆုံမှလည်းကောင်း၊ အာဇာနည်လမ်းအား အနောက်ရွှေဂုံတိုင်လမ်းနှင့် ဦးဝိစာရလမ်းဆုံ မှလည်းကောင်း၊     အာဇာနည်လမ်းအား      ဦးထောင်ဘိုလမ်းနှင့် အာဇာနည်လမ်းဆုံမှ လည်းကောင်း၊ ဦးဝိစာရလမ်းအား ဦးဝိစာရ အဝိုင်းမှ ဦးဝိစာရ-ဓမ္မစေတီလမ်းဆုံထိလည်းကောင်း၊  ရွှေတိဂုံဘုရား မြောက်ဘက်မုခ်(သွေးဆေးကန်)လမ်းတို့အား  ခေတ္တပိတ်ထားမည် ဖြစ်ပြီး လမ်းပိတ်လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ 
၂။    အလံတင်အခမ်းအနား ကျင်းပမည့် ဝန်ကြီးများရုံးအား နံနက် ၀၄၀၀  အချိန်မှ       အခမ်းအနားပြီးဆုံးချိန်အထိ    သိမ်ဖြူလမ်း အား    ဗိုလ်ချုပ်လမ်းဆုံမှလည်းကောင်း၊   အနော်ရထာလမ်းအား ဗိုလ်မြတ်ထွန်းလမ်းဆုံမှ လည်းကောင်း၊    မဟာဗန္ဓုလလမ်းအား ပန်းဆိုးတန်းလမ်းဆုံမှ လည်းကောင်း၊ ဗိုလ်အောင်ကျော်လမ်းအား ကုန်သည်လမ်းဆုံမှလည်းကောင်း  လမ်းပိတ်ထားမည်ဖြစ်ပါသည်။ 
၃။    သို့ဖြစ်ပါ၍  ယာဉ်မောင်းသူပြည်သူများအနေဖြင့်  အခမ်းအနား ကျင်းပစဉ်   လမ်းပိတ်လမ်းလွှဲ    ဆောင်ရွက်နေသည့်အချိန်များ တွင် အခြားသင့်လျော်သောလမ်းများမှ မောင်းနှင်သွားလာကြပါရန် ကြိုတင်အသိပေးနှိုးဆော်အပ်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ