အသိပေးနှိုးဆော်ချက်

၁။    ၂၀၂၄  ခုနှစ်၊  ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် (၇၇)နှစ်မြောက်    အာဇာနည်နေ့အခမ်းအနားကို   ဗဟန်းမြို့နယ်ရှိ  အာဇာနည်ဗိမာန်တွင်  ကျင်းပပြုလုပ်မည်ဖြစ်ရာ အခမ်းအနားကျင်းပ မည့်  နံနက်  ၀၄၀၀  နာရီအချိန်မှ   အခမ်းအနားပြီးဆုံးသည်အထိ အနောက်ရွှေဂုံတိုင်လမ်းအား  ရေတာရှည်လမ်းဟောင်းမှ   လည်း ကောင်း၊ ရွှေဂုံလမ်းအား ဓမ္မစေတီ - ရွှေဂုံလမ်းဆုံမှလည်းကောင်း၊ အာဇာနည်လမ်းအား    အနောက်ရွှေဂုံတိုင်လမ်းမှ     ဦးထောင်ဘို လမ်းအထိလည်းကောင်း၊   ဦးဝိစာရလမ်းအား   ဦးဝိစာရအဝိုင်းမှ ဦးဝိစာရ-ဓမ္မစေတီလမ်းဆုံအထိလည်းကောင်း လမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၂။    ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် ဖွင့်လှစ်ပြသမည့် ၁၉-၇-၂၀၂၄ ရက်နေ့ ၀၅၀၀ အချိန်မှ ၁၈၀၀ အချိန် အထိ   နတ်မောက်လမ်း အား ဝင်္ကဘာလမ်းဆုံမှ ဖိုးစိန်လမ်းဆုံအထိလည်းကောင်း၊ ဗိုလ်ချုပ် ပြတိုက်လမ်းအား ငါးထပ်ကြီးဘုရားလမ်းဆုံနှင့် စောမဟာလမ်းဆုံမှ လည်းကောင်း၊   ဗိုလ်ချိုလမ်းအား   ရွှေကြက်ယက်လမ်းနှင့်ဆုံရာမှ လည်းကောင်း လမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၃။    အတွင်းဝန်ရုံးတွင် အလံတင်အခမ်းအနားကျင်းပမည့် ၁၉-၇-၂၀၂၄  ရက်နေ့ ၀၅၀၀  အချိန်မှ ၁၈၀၀  အချိန်အထိ  သိမ်ဖြူလမ်းအား  ဗိုလ်ချုပ်လမ်းဆုံမှ   ကုန်သည်လမ်းဆုံအထိလည်းကောင်း၊  အနော် ရထာလမ်းအား ဗိုလ်မြတ်ထွန်းလမ်းဆုံမှလည်းကောင်း၊ မဟာဗန္ဓုလ လမ်းအား ပန်းဆိုးတန်းလမ်းဆုံမှလည်းကောင်း၊ ဗိုလ်အောင်ကျော် လမ်းအား  ကုန်သည်လမ်းဆုံမှလည်းကောင်း   လမ်းပိတ်/ လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၄။    သို့ဖြစ်ပါ၍ ယာဉ်မောင်းသူပြည်သူများအနေဖြင့် အခမ်းအနား ကျင်းပစဉ် လမ်းပိတ်/လမ်းလွှဲဆောင်ရွက်နေသည့် အချိန်များတွင်  အခြားသင့်လျော်သောလမ်းများမှ       မောင်းနှင်သွားလာကြပါရန် ကြိုတင်အသိပေးနှိုးဆော်အပ်ပါသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့