အသက် ၁၂ နှစ်မှ ၁၅ နှစ်ကြား ကလေးများကို  ဖိုက်ဇာကာကွယ်ဆေး တတိယအကြိမ်ထိုးပေးရန် အက်ဖ်ဒီအေ ခွင့်ပြုပေး

 

 

ဝါရှင်တန်  ဇန်နဝါရီ   ၄
ဖိုက်ဇာ ကိုဗစ် -၁၉ ကာကွယ်ဆေးကို အသက် ၁၂  နှစ်နှင့်  ၁၅  နှစ်ကြား  ကလေးများကို တတိယအကြိမ်   ထိုးပေးရန်   အမေရိကန် အစားအသောက်နှင့်     ဆေးဝါးကွပ်ကဲရေး (အက်ဖ်ဒီအေ)မှ ခွင့်ပြုချက်ပေးခဲ့ကြောင်း သိရ သည်။
အမေရိကန်တွင်  ကိုဗစ် - ၁၉  ကူးစက်မှု အရေအတွက် များပြားလျက်ရှိပြီး အိုမီခရွန် ကူးစက်မှုများမှာလည်း    ပျံ့နှံ့လျက်ရှိသည်။  ဒုတိယအကြိမ်     ကာကွယ်ဆေးထိုးသည့် အချိန်နှင့်  တတိယအကြိမ်  ကာကွယ်ဆေး ထိုးရမည့်အချိန်  ကြားကာလကို  ယခင်က  ခြောက်လသတ်မှတ်ထားရာမှ ယခုအခါ ငါးလ အထိ  လျှော့ချပေးခဲ့ကြောင်း သိရသည်။
 ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ဖော်ပြမှုအရ  တစ်ပတ်တာအတွင်း     နေ့စဉ်ကူးစက်မှုမှာ ၃၆၃၀၀၀ တွင် ရပ်တည်လျက်ရှိကြောင်း သိရ သည်။    နယူးယောက်မြို့တွင်    ကိုဗစ် - ၁၉  ကူးစက်မှု များပြားလျက်ရှိပြီး ဆေးရုံတက်ရမှု နှုန်းမှာလည်း မြင့်မားလျက်ရှိသည်။ 
အများပြည်သူ     သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင်လည်း     အလုပ်သမားအင်အား  ပြတ်လပ်မှုကြောင့်     ဘတ်စ်ကားများနှင့် မြေအောက်ရထား ဝန်ဆောင်မှုတို့မှာလည်း  ရပ်ဆိုင်းလျက်ရှိသည်။  အမေရိကန်  အစိုးရ သည် ပြည်သူများ ကိုဗစ် -၁၉ ကာကွယ်ဆေး  ကို   အပိုဆောင်းထိုးကြရန်  တိုက်တွန်းလျက် ရှိသည်။ 
အင်န်အိတ်ချ်ကေ