
ပေကျင်း နိုဝင်ဘာ ၃၀
အသက် ၆၀ နှင့်အထက် တရုတ်လူမျိုး ၂၁၅ သန်း ကျော်မှာ အနည်းဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံပြီးပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ပမာဏအနက် ၂၀၆ သန်းမှာ ကိုဗစ်-၁၉ ကာကွယ် ဆေးအပြည့်အဝထိုးပြီးပြီဖြစ်ကြောင်း ကျန်းမာရေး အရာရှိတစ်ဦးက နိုဝင်ဘာ ၃၀ ရက်က ပြောခဲ့သည်။
စေတနာ့ဝန်ထမ်း ကာကွယ်ဆေးထိုးမှုများသည် တဖြည်းဖြည်းနှင့် တရုတ်နိုင်ငံတစ်ဝန်း လွှမ်းခြုံနိုင် တော့မည်ဖြစ်ကြောင်း အမျိုးသား ကျန်းမာရေး ကော်မတီမှ အရာရှိတစ်ဦးဖြစ်သူ ကျီဂန်က ပြောသည်။
အမျိုးသားစာရင်းအင်း ဗျူရိုက လွန်ခဲ့သော မေလတွင် ထုတ်ပြန်ခဲ့သော စာရင်းများအရ တရုတ် ပြည်မကြီးရှိ အသက် ၆၀ အထက် လူဦးရေမှာ ၂၆၄ ဒသမ ၀၂ သန်းရှိလာကြောင်း သိရသည်။ ဆင်ဟွာ