အသက် ၆၅ နှစ်နှင့်အထက်များကို တတိယအကြိမ် ကာကွယ်ဆေးထိုးပေးရန် အက်ဖ်ဒီအေ ထောက်ခံချက်ပေး

 

ဝါရှင်တန် စက်တင်ဘာ ၁၈


အမေရိကန်တွင် အသက်  ၆၅  နှစ် နှင့်အထက်များ၊ ရောဂါလက္ခဏာပြင်းထန်နိုင်ခြေရှိသည့် လူများကို တတိယအကြိမ်     ကိုဗစ် -၁၉ ကာကွယ်ဆေး ထိုးပေးရန်အတွက် အမေရိကန်   အစားသောက်နှင့် ဆေးဝါးကြီးကြပ်ရေး   (အက်ဖ် ဒီအေ) မှ ကျွမ်းကျင်သူများသည် တညီတညွတ်တည်း   ထောက်ခံ ချက် ပေးခဲ့ကြသည်။ 
တတိယအကြိမ်   ကာကွယ်ဆေးထိုးပေးခြင်းဖြင့်ရရှိလာသည့် အကျိုးကျေးဇူးမှာ   ဆိုးကျိုးထက် ပို၍ အလေးသာသည်ဟု  အက်ဖ်ဒီ အေမှ  စက်တင်ဘာ ၁၇ ရက်တွင် ဆုံးဖြတ်ခဲ့ကြသည်။ 


ယင်းနေ့အစောပိုင်းကလည်း အသက် ၁၆နှစ်နှင့်အထက်များကို ဖိုက်ဇာကာကွယ်ဆေး   တတိယ အကြိမ်   ထိုးပေးရန်     အဆိုပြုချက် ကို ပယ်ချခဲ့သည်။     အစိုးရသည် တတိယအကြိမ်   ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးပေးရန်  ရည် ရွယ်ထားသည်။     အစ္စရေးနိုင်ငံမှ ရရှိလာသည့်    အချက်အလက် များကို  ဆွေးနွေးခဲ့ကြပြီး အသက် ၆၀ နှင့်အထက်များ    တတိယ အကြိမ်  ကာကွယ်ဆေးထိုးပြီးပါက မထိုးရသေးသူများထက်   အကျိုး ကျေးဇူးများကြောင်း      အကြံပြုခဲ့ ကြသည်။         တတိယအကြိမ် ကာကွယ်ဆေး    ထိုးခြင်းကြောင့် ဘေးထွက်ဆိုးကျိုး     အချက် အလက်များ   မတွေ့ရှိရဟု   သိပ္ပံ ပညာရှင်များက       ပြောသည်။ 
တတိယအကြိမ်     ကာကွယ် ဆေးကို ပြီးခဲ့သည်  ခြောက်လ အတွင်း ဒုတိယအကြိမ်   ကာကွယ် ဆေးထိုးပြီးသူများကို    အသက် အပိုင်းအခြားဖြင့်   ထိုးပေးသွား မည်ဟု သိရသည်။

အင်န်အိတ်ချ်ကေ