
မနီလာ နိုဝင်ဘာ ၁၇
ဖိလစ်ပိုင်အစိုးရသည် အသက် ကယ် ကာကွယ်ဆေးများကို အချိန် နှင့်တစ်ပြေးညီ ပေးပို့ခဲ့သည့် တရုတ်အစိုးရအား ကျေးဇူးတင် ကြောင်း ပြောကြားခဲ့သည်။ ဖိလစ် ပိုင်နိုင်ငံက ဆီနိုဗက်၊ ကိုရိုနာဗက် ကိုဗစ်-၁၉ ကာကွယ်ဆေး နောက် ထပ် တစ်သုတ်ကို လက်ခံရရှိပြီး နောက် ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
ထပ်မံပေးပို့လိုက်သော ကိုဗစ်- ၁၉ ကာကွယ်ဆေးများသည် တရုတ်ကာကွယ်ဆေး ထုတ်လုပ် သူများထဲမှ ဖိလစ်ပိုင်က ဝယ်ယူ ခဲ့သော ကာကွယ်ဆေးများဖြစ် ကြောင်း အစိုးရ၏ ကိုဗစ်-၁၉ တိုက်ဖျက်ရေးအဓိက အကောင် အထည်ဖော်သူ ကာလီသို ဂါဗက်ဇ် က မနီလာလေဆိပ်၌ သတင်း ထောက်များကို ပြောကြားလိုက်သည်။
ဆီနိုဗက်သည် ဖိလစ်ပိုင် အစိုးရ၏ အလွန်အားထား ယုံကြည်ရသေ ာ မိတ်ဖက်ဖြစ် ကြောင်း ဂါဗက်ဇ်က ပြောကြား လိုက်သည်။
တရုတ်နိုင်ငံသည် ဖေဖော်ဝါရီ ၂၈ ရက်မှစပြီး ဖိလစ်ပိုင်နိုင်ငံသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ပထမအကြိမ်ပေးပို့ခဲ့သည်။
ဆင်ဟွာ