အသံထက်မြန်သော ဒုံးကျည်စမ်းသပ်ခဲ့ကြောင်း မြောက်ကိုရီးယားမီဒီယာအတည်ပြု

 

ပြုံယမ်း စက်တင်ဘာ ၂၉ 


မြောက်ကိုရီးယား   သတင်းစာတစ်စောင်က   မြောက်ကိုရီးယား နိုင်ငံသည်  ၎င်း၏  ပထမ ဆုံး    အသံထက်မြန်သော   ဒုံးကျည်ကို စက်တင်ဘာ ၂၈ ရက်   နံနက်ပိုင်းက  စမ်းသပ် ခဲ့ကြောင်း ဖော်ပြခဲ့သည်။


ဟွာဆောင်-၈   ဒုံးကျည်ကို    နိုင်ငံ   မြောက်ပိုင်း  ဂျာဂန်ပြည်နယ်တွင်  စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း     အာဏာရအလုပ်သမား ပါတီ သတင်းစာ ရိုဒွန်ဆင်မွန်က စက်တင်ဘာ ၂၉ ရက်က ဖော်ပြခဲ့သည်။ လိမ္မော်ရောင်မီးခိုး များ    မှုတ်ထုတ်တွန်းကန်ပြီး    အထက်သို့တက် သွားသော   အဆိုပါဒုံးကျည်၏   ပုံရိပ်ကို ၎င်းသတင်းစာတွင် ဖော်ပြထားသည်။


ပါတီ၏  အဆင့်မြင့်အရာရှိတစ်ဦးဖြစ်သူ   ပက်ဂျွန်ချွန်သည် အဆိုပါ  ဒုံးကျည်ပစ်လွှတ် စမ်းသပ်မှုကို   ကြည့်ရှုခဲ့သည်။  ပက်သည်  မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့်  နီးစပ်သူတစ်ဦး ဖြစ်သည်။ 


ကာကွယ်ရေး    သိပ္ပံပညာရှင်များသည် ဒုံးကျည်၏လမ်းကြောင်းနှင့်      အခြေအနေ တည်ငြိမ်မှုတို့ကို      အတည်ပြုခဲ့ကြောင်း သတင်းတွင်  ဖော်ပြခဲ့သည်။  ဒုံးကျည်သည် လိုအပ်ချက်အားလုံးကို   ပြည့်မီပြီး   နိုင်ငံ၏ ကာကွယ်ရေးဆိုင်ရာ   စွမ်းဆောင်မှုကို  ပိုမို  ခိုင်မာတောင့်တင်းစေမည်ဖြစ်ကြောင်း  ဖော်ပြ ထားသည်။                    

 အင်န်အိတ်ချ်ကေ