အထက်လမ်းနှင့် အောက်လမ်း

 

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားမဝင် အလုပ်လုပ်ကိုင်ရန် သွား ရောက်သူများ ဖမ်းဆီးခံရသည့် သတင်းများကို ဆက်တိုက်ဆို သလို တွေ့ရှိနေရသည်။ မြန်မာ-ထိုင်း နယ်စပ်ဖြတ်ကျော် လမ်း များမှတစ်ဆင့် နည်းလမ်းမျိုးစုံဖြင့် တစ်ဖက်နိုင်ငံသို့ ခိုးဝင်ကြ ရာမှ ဖမ်းဆီးခံကြရခြင်းဖြစ်သည်။ ထိုင်းသည် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားအများစု   သွားရောက်အလုပ်လုပ်ကိုင် သည့် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ထိုင်းတွင် မြန်မာရွှေ့ပြောင်းအလုပ် သမား သန်းနှင့်ချီ၍  ရှိနေသည်။ မြန်မာအလုပ်သမားများအဖို့ ထိုင်းသည် လုပ်ခ ဆွဲဆောင်မှုရှိခြင်း၊ စရိတ်ကုန်ကျမှုနည်းခြင်း၊ အလွယ်တကူ သွားလာနိုင်ခြင်း စသည့်အချက်များကြောင့် သွားရောက်အလုပ်လုပ်ကိုင်ကြခြင်းလည်း ဖြစ်သည်။ 

 


ထို့အပြင်     မိခင်နိုင်ငံတွင်    အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်း၊ လုပ်အားချင်းတူလျှင်ပင်   တစ်ဖက်နိုင်ငံမှ  လုပ်ခ လစာ  ပိုရခြင်းတို့ကလည်း  စေ့ဆော်မှုများပင်ဖြစ်သည်။  ထိုင်း အပါအဝင်  ပြည်ပနိုင်ငံများသို့   ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက်       အလုပ် လုပ်ကိုင်နိုင်ရန်အတွက်      တရားဝင် လမ်းကြောင်းများမှ သွားရောက်နိုင်သော်လည်း အောက်လမ်းဟု ခေါ်ကြသည့်    တရားမဝင်လမ်းကြောင်းမှ  ခိုးဝင်သွားရောက် ကြသည့်အတွက်   ဖမ်းဆီးခံကြရခြင်းဖြစ်သည်။  အများစုမှာ မိမိတို့၏ မိတ်ဆွေသူငယ်ချင်းများ၊ ဆွေမျိုးများ၏ တိုက်တွန်း နှိုးဆော်မှုများ၊ တရားမဝင်လူပွဲစားများ၏ သွေးဆောင်မှုများ ကြောင့် အောက်လမ်း၊ ခိုးလမ်းများမှ သွားရောက်ကြခြင်းဖြစ်ပြီး ထိုင်းစကားလည်း မပြောတတ်၊ ထိုင်းစာကိုလည်း မဖတ်တတ်၊ အထောက်အထားစာရွက်စာတမ်းလည်းမပါ၊ ဘာကိုမှလည်း နားမလည်၊ မသိရှိဘဲ ပွဲစားတောင်းသည့် ငွေကိုပေးကာ၊ ပွဲစားကို ပုံအပ်ပြီး ခိုးကြောင်ခိုးဝှက်ဝင်ကြခြင်းဖြစ်သည်။  ယင်းသို့သော အခြေအနေမျိုးက ရွှေ့ပြောင်းအလုပ် လုပ်ကိုင်လိုသူများအတွက် လွန်စွာအန္တရာယ်ကြီးလှသည်။    ရောင်းစားခံရမည့်    အန္တရာယ်၊ ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရမည့် အန္တရာယ်၊  လိင်အလွဲသုံးစားပြုခံရမည့်အန္တရာယ် စသည်တို့အပါအဝင် အန္တရာယ်များစွာတို့က အောက်လမ်းခေါ် တရားမဝင်လမ်းကြောင်းတွင် ရှိနေသည်။

 


အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီး ဌာနသည်  တရားဝင် ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ များကို   အသိအမှတ်ပြုခန့်ထားကာ    မြန်မာလုပ်သားများကို ပြည်ပအလုပ်အကိုင်များသို့ တရားဝင် စနစ်တကျ စေလွှတ်ပေး လျက်ရှိသည်။   ကိုဗစ်-၁၉ ရောဂါ  တစ်ကမ္ဘာလုံးတွင် ကူးစက် ပျံ့နှံ့ခဲ့မှုကြောင့်    ဆိုင်းငံ့သွားခဲ့ရသည့်  မြန်မာအလုပ်သမား စေလွှတ်ရေးလုပ်ငန်းများမှာ  ယခုအခါ  ပြန်လည်စတင်လာပြီ ဖြစ်ရာ     ပြည်ပ အလုပ်အကိုင်အခွင့်အလမ်းများ   မကြာမီ ပိုမိုပွင့်လန်းလာတော့ မည်ဖြစ်သည်။ 

 


ပြည်ပအလုပ်အကိုင်များ  သွားရောက်လုပ်ကိုင်ကြရာတွင် အပေါ်လမ်းဟု  ခေါ်ကြသည့်    တရားဝင်လမ်းကြောင်းမှ သွား ရောက်ကြရန် တိုက်တွန်းလိုသည်။ တရားဝင်ရွှေ့ပြောင်းအလုပ် သမားတစ်ဦးအနေဖြင့် အခွင့်အရေးများ၊ ရပိုင်ခွင့်များကို အပြည့် အဝ    ရရှိခံစားနိုင်ပြီး   ဂုဏ်သိက္ခာနှင့်အညီ    အလုပ်လုပ်ကိုင် သွားလာနေထိုင်နိုင်သည်။ ခေါင်းပုံဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ မတော်မတရားမှုတို့နှင့်    ရင်ဆိုင်ရသည့်အခါတွင်လည်း  တရား ဥပဒေ၏  အကာအကွယ်ကို  ရယူနိုင်သည်ဖြစ်ရာ  မိမိတို့ဘဝ ရှေ့ရေးအတွက်    ပြည်ပသို့ထွက်၍   အလုပ်လုပ်ကိုင်လိုသူတိုင်း တရားဝင်လမ်းကြောင်းများမှသာ သွားရောက်ကြပါရန် အကျိုး မျှော်၍ နှိုးဆော်အပ်ပါကြောင်း။        ။