အထူးတန်းဝင် မြန်မာ့ကော်ဖီဖြင့် ကမ္ဘာ့ဈေးကွက်သို့ တိုးချဲ့ဝင်ရောက်

 

ကမ္ဘာပေါ်တွင်    နှစ်စဉ်     ကော်ဖီကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ  ၃၀   ဘီလီယံကျော်ရှိပြီး    ရေနံပြီးလျှင် ဒုတိယအများဆုံး    ကုန်သွယ်မှုပြုသည့်  ကုန်စည်ဖြစ်သည်။ ထို့အပြင် ကမ္ဘာ့ကော်ဖီဈေးကွက်တွင် ဝယ်လိုအားရှိသလောက် ဖြည့်ဆည်းပေးနိုင်ခြင်း  မရှိသေးသည့်အတွက် ဈေးကောင်း ရနေသည့်  ကုန်စည်လည်း    ဖြစ်နေသည်။  

 

မြန်မာနိုင်ငံတွင် ကိုလိုနီခေတ်ဦးကတည်းက  ကော်ဖီကို စိုက်ပျိုးလာခဲ့ခြင်းဖြစ် ရာ  ကော်ဖီစိုက်ပျိုးသည့်သက်တမ်း  နှစ်ပေါင်းတစ်ရာကျော် ပြီဖြစ်သည်။  သို့ရာတွင် မိရိုးဖလာနည်းဖြင့်သာ စိုက်ပျိုးခဲ့ ခြင်းဖြစ်ပြီး လွန်ခဲ့သည့်နှစ်အနည်းငယ် (၂၀၁၄ ခုနှစ်) ကမှ စတင်ကာ   ခေတ်မီနည်းပညာ၊  စက်ကိရိယာများ၊  စိုက်ပျိုး နည်းစနစ်များ၊   ကော်ဖီအရည်အသွေး   ထိန်းသိမ်းမှုနည်းစနစ် များနှင့် စတင်ထိတွေ့လာရခြင်းဖြစ်သည်။

 


ကော်ဖီသည်  ကမ္ဘာ့ဈေးကွက်တွင်  မျက်နှာပန်းလှသည့် ရောင်းကုန်ဖြစ်ခြင်းကြောင့်    ဈေးကွက်ဝေစုရရေးအတွက် နိုင်ငံများစွာတို့က ကြိုးပမ်းလျက်ရှိကြသည်။ မြန်မာ့ကော်ဖီ ကမ္ဘာ့ဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက်   မိမိတို့နိုင်ငံတွင် အစိုးရအဆက်ဆက်တို့က  ကော်ဖီတောင်သူများ၊ လုပ်ငန်းရှင် များကို  တွန်းအားပေးဆောင်ရွက်ခဲ့ရာတွင်   ကော်ဖီစိုက်ဧက နှစ်သိန်းကျော် အကောင်အထည်ဖော်စိုက်ပျိုးခဲ့သည်ဟု သိရှိရ ပြီး   အမှန်တကယ်    အောင်မြင်ဖြစ်ထွန်းမှုမှာ    ဧက  ၅၀၀၀၀ ခန့်သာရှိ၍   တစ်နှစ်လျှင်  တန်ချိန် ၉၀၀၀ ကျော်သာ ထွက်သည် ကို တွေ့ရသည်။

 


နိုင်ငံတော်အကြီးအကဲ  ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင် သည် ဒီဇင်ဘာ ၂ ရက်က  ပြင်ဦးလွင်မြို့ရှိ  ကော်ဖီလုပ်ငန်းရှင် များအား  တွေ့ဆုံ၍ ကော်ဖီစိုက်ပျိုးမှုဆိုင်ရာများ ဆွေးနွေး ရာတွင် “မိမိတို့နိုင်ငံမှ ထွက်ရှိသည့်  စိုက်ပျိုးရေးနှင့် မွေးမြူ ရေးထုတ်ကုန်များကို   ပြည်တွင်း၌ပင် တန်ဖိုးမြင့်ကုန်ချော အဖြစ်  ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့နိုင်ပါက ယခုထက်ပိုမို အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)မှတစ်ဆင့်    ပြည်ပနိုင်ငံများသို့   တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မြန်မာ့ကော်ဖီဈေးကွက် ရရှိရေး မိမိအနေဖြင့် စီမံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မိမိတို့၏  ထုတ်ကုန်ပစ္စည်းများ ဈေးကွက်ရရှိရေးအတွက် ကြော်ငြာခြင်းလုပ်ငန်းများကိုလည်း       ဆောင်ရွက်ရန် လိုကြောင်း၊ ဈေးကွက်လိုအပ်ချက်ကို ပြည့်မီနိုင်ရေးအတွက် လည်း   ထုတ်လုပ်မှုများကို   အရည်အသွေးပြည့်မီစွာဖြင့် ထုတ်လုပ်နိုင်ရန်လိုကြောင်း” ပြောကြားခဲ့သည်။

 


နိုင်ငံတကာတွင်ကျင့်သုံးလျက်ရှိသည့် ခေတ်မီနည်းပညာ များ၊ အရည်အသွေးဆန်းစစ်မှုများဖြင့် စိုက်ပျိုးထုတ်လုပ်ခြင်း မှ ရရှိလာသော အထူးတန်းဝင် မြန်မာ့ကော်ဖီသည် အရည် အသွေးအကောင်းဆုံး ကော်ဖီစာရင်းတွင် ပါဝင်ပြီး ကမ္ဘာ့ ဈေးကွက်တွင်လည်း နာမည်ရခဲ့ပြီးဖြစ်ရာ ဆက်လက်၍ ဈေးကွက်ချဲ့ထွင်နိုင်ရေး နိုင်ငံတော်၏ အားဖြည့်ကူညီမှု၊ ကော်ဖီတောင်သူများ၊ ကော်ဖီလုပ်ငန်းရှင်များ၏ အားသွန် ခွန်စိုက်ကြိုးပမ်းမှုများဖြင့် မိမိအကျိုး၊ ဒေသအကျိုး၊ နိုင်ငံ့ အကျိုးတို့ သယ်ပိုးနိုင်ကြပါစေကြောင်း။      ။