ATP Finals မှာ နော်ဝေတင်းနစ်ကစားသမား ကတ်စပါရုဒ်နဲ့ ယှဉ်ပြိုင်မယ့် ဂျိုကိုဗစ်

 

နိုဗက်ဂျိုကိုဗစ်ဟာ  နော်ဝေတင်းနစ်ကစားသမား  ကတ်စပါရုဒ်နဲ့  နိုဝင်ဘာ ၁၅ ရက် နေ့မှာ ပွဲဦးထွက်ယှဉ်ပြိုင်ကစားရမှာပဲဖြစ်ပါတယ်။ ဆားဘီးယား ကမ္ဘာ့နံပါတ်တစ် တင်းနစ်ကစားသမား နိုဗက်ဂျိုကိုဗစ်ဟာ ATP Finals ဖလားခြောက်ခုရရှိထားတဲ့ ရော်ဂျာ ဖက်ဒဲရာရဲ့ စံချိန်ကို အမီလိုက်နိုင်ဖို့ မျှော်မှန်းထားတယ်လို့လည်း  သိရပါတယ်။

 


ရာသီကုန်အမျိုးသားပွဲစဉ်ကို ထိပ်ဆုံးအမျိုးသားရှစ်ဦးရဲ့ တစ်ဦးချင်းကစား သမားတွေနဲ့ နှစ်ယောက်တွဲအသင်းတွေ ကစားကြမှာဖြစ်ပြီး အဲဒီပွဲကို နိုဝင်ဘာ ၂၁ ရက်မှာ အီတလီနိုင်ငံ တူရင်မြို့မှာ  ကျင်းပမှာဖြစ်ပါတယ်။ 

 


ဖလားလုပွဲမှာ  ဖက်ဒဲရာကို အနိုင်ရရှိခဲ့ပြီး ၂၀၁၅ မှာ ငါးခုမြောက်ဖလားကိုရရှိခဲ့တဲ့ ဂျိုကိုဗစ်ဟာ ကမ္ဘာ့အဆင့် တစ်၊ နှစ်၊ သုံးကစားသမားတွေဖြစ်တဲ့ စတီဖနိုစ်ဆစ်ဆီပက်စ်၊ ရုရှားကစားသမား အန်ဒရီရုဘလက်ဗ်နဲ့ ရုဒ်တို့နဲ့အတူ Green Group ထဲကို ဝင်လာ ပါတယ်။ ချန်ပီယံကာကွယ်သူနဲ့ US Open အနိုင်ရရှိသူ ဒါနီလ်မက်ဗီဒက်ဗ်ဟာ ဂျာမနီ တင်းနစ်ကစားသမား အလက်ဇန္ဒာဇဗီဇက်ဗ်နဲ့ သရေကျခဲ့ပြီး မက်တီယိုဘာရက်တီနီနဲ့ ပိုလန်ကစားသမား ဟူးဘတ်ဟာ့ခ်ကေ့ဇ်တို့နဲ့အတူ Red Group ထဲရောက်ရှိခဲ့ပါတယ်။ 

 


အသက် ၂၅ နှစ်ရှိ မက်ဗီဒက်ဗ်ဟာ တနင်္ဂနွေနေ့ ATP Finals ဖွင့်ပွဲရဲ့ အမျိုးသား တစ်ဦးချင်းပွဲစဉ်မှာ ဟာ့ခ်ကေ့ဇ်နဲ့ ကစားကြမှာ ဖြစ်ပါတယ်။ 
အကယ်၍ ဂျိုကိုဗစ်နဲ့ မက်ဗီဒက်ဗ်တို့ဟာ သူတို့ရဲ့ အုပ်စုပွဲစဉ်အသီးသီးကို အနိုင် ရခဲ့မယ်ဆိုရင် သူတို့နှစ်ယောက်ဟာ ဖိုင်နယ်မှာ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။    

                                                                               
လင်းခေတ်ဆန်